စပါးနဲ့ပွဲမတိုင်မီ ချဲလ်ဆီးနည်းပြ တူချယ်ကို ခနဲ့လိုက်တဲ့ မော်ရင်ညို

မော်ရင်ညိုက ချဲလ်ဆီးအသင်းနဲ့ ဆုဖလားတွေယူရတာဟာ လွယ်ကူပါတယ်လို့ ချဲလ်ဆီးနည်းပြသစ်ဖြစ်တဲ့ တူချယ်ကို စပါးနဲ့ကစားမီ ဖိအားပိုဖြစ်အောင် ပြောဆိုသွားခဲ့ပါတယ်။

စပါးနည်းပြမော်ရင်ညိုဟာ ချဲလ်ဆီးနဲ့ ဒီညမကစားခင်မှာ “ချဲလ်ဆီးမှာ နည်းပြလုပ်ရတာ မခက်ခဲဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်အဲ့မှာ ချန်ပီယံ ၃ ကြိမ်ရယူခဲ့ဖူးတယ်။ အန်လ်ဆယ်လော့တီ တစ်ကြိမ်နဲ့ ကွန်တီတို့လည်း တစ်ကြိမ်စီ ချန်ပီယံဖြစ်ဖူးတယ်။”လို့ ပြောသွားခဲ့ပါတယ်။

“အရမ်းရမ်းကို ခက်ခဲတယ်ဆို မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကစားသမားကောင်းတွေ အဖွဲ့ဝင်ကောင်းတွေရှိတဲ့အပြင် ခင်ဗျားကို အောင်မြင်မှုရယူပေးနိုင်တဲ့အခွင့်အရေးတွေနဲ့ ဆုဖလားတွေ ရယူပေးတဲ့ကစားသမားတွေ ရှိတဲ့ကလပ်နဲ့ နည်းပြတွေ အလုပ်လုပ်ရတာ ပျော်ရွှင်ကြပါတယ်။ ကျွန်တော့်တုန်းကတော့ မတူညီတဲ့ အချိန်ကာလ နှစ်ကြိမ်မှာ ရောက်ခဲ့ပြီး နှစ်ကြိမ်စလုံးမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။”လို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က လမ်းပတ်နေရာမှာ တူချယ်ကိုအစားထိုးလိုက်ပြီးနောက် ၂ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၄ မှတ်အထိ ရယူထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်မော်ရင်ညိုက ချဲလ်ဆီးနည်းပြတူချယ်ကို ဒီအင်္ဂလိပ် ဘောလုံးလိဂ်မှာ အောင်မြင်မှုရယူပေးနိုင်မှသာ ထိပ်တန်းနည်းပြတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံရနိုင်တယ်လို့ သတိပေးပြောသွားပါတယ်။

“နည်းပြတစ်ယောက်ကို အကောင်းဆုံးအတော်ဆုံးဖြစ်အောင် လုပ်ပေးနိုင်တာကတော့ ထိပ်တန်းလိဂ်တွေမှာ အောင်မြင်မှုရယူပေးနိုင်မှရမယ်လို့ ကျွန်တော်ထင်တယ်။”လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး “ကျွန်တော် တူချယ်တစ်ယောက်တည်းအကြောင်းကို ပြောတာမဟုတ်ပါဘူး။ ပြင်သစ်လိဂ်က အရမ်းရှုပ်ထွေးတယ်။ PSG လွဲပြီးတော့ပေါ့။ သူတို့က တခြားလိဂ်တစ်ခုမှာ ကစားနေတာမလို့ပါ။ နည်းပြတစ်ယောက်အတွက် အကြီးမားဆုံး စိန်ခေါ်မှုက အကောင်းဆုံးလိဂ်မှာ အလုပ်လုပ်ဖို့ပါပဲ။ ကျွန်တော်တို့ လိဂ်ကတော့ စိန်ခေါ်မှုအကြီးမားဆုံး လိဂ်တစ်ခုဖြစ်တယ်။ သူလာခဲ့တဲ့ လိဂ်က ပရီးမီးယားလိဂ်နဲ့ ယှဥ်လို့မရပါဘူး။ ဒါပေမယ့်လည်း သူက အကောင်းဆုံးအရည်အချင်းရှိတဲ့၊ အရေးကြီးတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်နေကျဖြစ်တယ်။ ဒါကြောင့် ဒီလိုချဲလ်ဆီးအသင်းမှာ သူအသားကျသွားမှာပါ။” လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*