ပေါင် ၄၉၂သန်းတန် စာချုပ်ပေါက်ကြားခဲ့မှုအတွက် ဘာစီလိုနာအတွင်းလူ ၅ဦးကို တရားစွဲဆိုဖို့ စီစဉ်နေတဲ့ မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ပေါင် ၄၉၂သန်းတန် စာချုပ်ပေါက်ကြားခဲ့မှုအတွက် အသင်းအတွင်းလူ ၅ဦးကို တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စပိန်အားကစားသတင်းစာ El Mundo ဟာ ဘာစီလိုနာအသင်းနဲ့ မက်ဆီနောက်ဆုံးချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကြားမှုအတွက် မက်ဆီဟာ ဒေါသပေါက်ကွဲခဲ့ပြီး ဘာစီလိုနာအသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့လက်ချက်ကြောင့်လို့ ယူဆနေပါတယ်။

ဒါကြောင့် မက်ဆီဟာ သူသံသယရှိနေတဲ့ ဘာစီလိုနာအတွင်းလူ ၅ဦးကို တရားစွဲဖို့စီစဉ်နေပြီး ဥက္ကဟောင်း ဘာတိုမူ၊ ယာယီဥက္ကဌ ကားလက်စ်တူစ်ကွက်၊ ဒုဥက္ကဌဟောင်း ယော်ဒီမက်စထရီ၊ အမှုဆောင်ချုပ် အော်စကာဂရူး၊ ကလပ်ဥပဒေရေးရာအကြီးအကဲ ရိုမန်ဂိုမက်ဇ်ပွန်တီတို့ ပါဝင်ပါတယ်။

အသင်းဥက္ကဌဟောင်း ဘာတိုမူလက်ထက် ၂၀၁၇ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ မက်ဆီရဲ့ ၄နှစ်စာချုပ်ဟာ လစာ၊ ပုံရိပ်အသုံးပြုခွင့်၊ အခွန်နဲ့ တခြားဆုကြေးတွေကြောင့် ပေါင် ၄၉၂သန်းအထိ တန်ကြေးရှိတယ်လို့ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာက မက်ဆီနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်ကာ ဘာစီလိုနာအသင်းဥက္ကဌရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဘာတိုမူကတော့ ဒီပေါက်ကြားမှုဟာ သူနဲ့မဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

မက်ဆီရဲ့စာချုပ်အချက်အလက်တချို့

======================

၂၀၁၆ခုနှစ်မှာ ပေါင် ၄၉၁,၇၃၂,၂၈၅ သန်းတန် စာချုပ်ကိုချုပ်ဆိုခဲ့။

ရာသီတိုင်း လစာအဖြစ် ပေါင် ၁၂၂သန်းပေး ချေဖို့ သဘောတူခဲ့။

၂၀၁၇ခုနှစ်မှာ ၄နှစ်စာချုပ်သက်တမ်းတိုးပြီး လက်မှတ်ထိုးကြေး ပေါင် ၁၀၂သန်းရရှိခဲ့။

နူးကမ့်မှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေခြင်းအတွက် ပေါင် ၆၉သန်းရရှိခဲ့။

ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားရပါက ပေါင် ၃.၁သန်းရမည်။

တစ်ရာသီအတွင်း ဘာစီလိုနာရဲ့ ပွဲစဉ် ၆၀ ရာခိုင်နှုန်းကစားပါက ပေါင် ၁.၇၅သန်းရမည်။

စာချုပ်သက်တမ်း ၅လကျန်သေးသော်လည်း ပေါင် ၄၅၂သန်းရရှိထားပြီဖြစ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*