
ဆောက်သမ်တန်အသင်းဟာ ရှေ့လျှောက် သူတို့ကစားမယ့်ပွဲစဥ်တွေကို ဒိုင်လူကြီး လီမာဆွန်နဲ့ မိုက်ဒင်းတို့ မကြီးကြပ်ဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ဆောက်သမ်တန်အသင်းဟာ မန်ယူအသင်းနဲ့ အက်စတွန်ဗီလာတို့နဲ့ ကစားတဲ့ ရှုံးနိမ့်ပွဲစဥ်တွေမှာ ကြီးကြပ်တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အသင်းက ဒေါသထွက်ခဲ့ရပါတယ်။
စနေနေ့က ဒိုင်လူကြီး လီမာဆွန် ကြီးကြပ်တဲ့ အက်စတွန်ဗီလာကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲစဥ်မှာ ဗီလာကစားသမား မက်တီကတ်ရှ်ရဲ့ လက်ထိဘောကို ပင်နယ်တီမပေးတာနဲ့ ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်ဂ်ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။
ဆောက်သမ်တန်ဟာ ဗီလာနဲ့ရှုံးပွဲပြီးတော့ အင်္ဂါညက မန်ယူကို (၉-၀)ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲစဥ်မှာ ကစားသမား ၉ ယောက်တည်းနဲ့ကစားခဲ့ရပါတယ်။
မန်ယူနဲ့ကစားတဲ့ ပွဲစဥ်မှာလည်း ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူးချီအက်တမ်က ဒုတိယပိုင်းအစမှာ ချေပဂိုး ၁ လုံးသွင်းယူပေမယ့်လည်း လူကျွံဘောဖြစ်ခဲ့ပြီး ဂိုးမရခဲ့ပါဘူး။
ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျန်ကီဝစ်ဇ်ဟာ ပွဲချိန် ၂ မိနစ်မှာတင် ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်မိုက်ဒင်းက တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်လိုက်ပါတယ်။ အဲ့ဒီနောက် ဂျန်ဘက်နက်ခ်က မန်ယူတိုက်စစ်မှူး မာရှယ်ကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ဘော ကျူးလွန်တယ်လို့ ယူဆပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်လိုက်ပါတယ်။
ဒီလိုကြုံတွေ့တာများခဲ့တဲ့နောက် ဆောက်သမ်တန်အသင်းဟာ ဒီကစားပွဲတွေကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်သဘောထားတွေအပေါ် အငြင်းပွားမှုဖြစ်လာပြီး နောက်လာမယ့် သူတို့ရဲ့ပွဲစဥ်တွေမှာ ကိုင်တွယ်ကြီးကြပ်တာ လက်ခံဖို့ ခဲယဥ်းသွားပြီလို့ ဆိုသွားပါတယ်။
ဆောက်သမ်တန်အသင်းဟာ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးဘုတ်အဖွဲ့ (PGMOL) နဲ့ စကားပြောဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ ဆိုးလ်ရှားကလည်း “ဒုတိယမြောက် အထုတ်ခံရတာတော့ သူတို့အသင်းအတွက် မဖြစ်သင့်ပါဘူး။ ထုတ်ပစ်ရလောက်တဲ့ စည်းမျဥ်းဥပဒေကတော့ ထူးဆန်းတာပေါ့။ ဘက်နက်ခ်က လုံးဝ အထုတ်မခံသင့်ပါဘူး။”လို့ ဆိုသွားပါတယ်။
Ref: dailymail
Leave a Reply