မန်ယူတိုက်စစ်မှူးဟောင်း အဲရစ်ကန်တိုနာရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့လို့ ကျေနပ်နေတဲ့ ရက်ရှ်ဖို့ဒ်

မန်ယူကစားသမားဟောင်း အဲရစ်ကန်တိုနာရဲ့ အသင်းအတွက် သွင်းဂိုးစံချိန်ကို ကျော်သွားခဲ့တာကြောင့် ထူးခြားတဲ့ အခိုက်အတန့်ဖြစ်ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန်ကို (၉-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ အသင်းအတွက် ၂ လုံးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား အဲရစ်ကန်တိုနာရဲ့ သွင်းဂိုး (၈၂)ဂိုးကို (၈၃)ဂိုးနဲ့ ကျော်သွားခဲ့တာ ဖြစ်ပါတယ်။

တွစ်တာပေါ်မှာ ရက်ရှ်ဖို့ဒ်က “ငယ်ဘဝကတည်းက မန်ယူပရိသတ်ဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက်တော့ အဲရစ်ကန်တိုနာရဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့လို့ အထူးကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။ ဒီည ကျွန်တော်တို့ ကစားခဲ့တဲ့ အသင်းရဲ့ ခြေစွမ်းက အကောင်းဆုံးပါပဲ။ သဘောကျခဲ့ပါတယ်။”လို့ ရေးသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားတွေနောက် စံချိန်မီနိုင်ဖို့ ကြိုးစားနေပြီး အသင်းရဲ့ ထိပ်ဆုံး ဂိုးသွင်းရှင်ဖြစ်တဲ့ ဝိန်းရွန်းနီ (၂၅၃)ဂိုးနဲ့ သူ့ရဲ့နောက်မှာ ရွိုင်ယန်ဂစ်(၁၆၀)ဂိုး သွင်းယူပေးထားကြပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမား ရှက်ရှ်ဖို့ဒ်ဟာ အဲရစ်ကန်တိုနာရဲ့ ကစားဖော်ြဖစ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ သွင်းဂိုးကိုလည်း လိုက်မီဖို့ နောက် ၂ ဂိုးသာ သွင်ယူဖို့လိုပါတော့တယ်။

အဲရစ်ကန်တိုနာနဲ့ ပတ်သက်ပြီး “သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ကလပ်အတွက်အများကြီး ပေးဆပ်ခဲ့ပါတယ်။ သူ့ရဲ့ စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။” လို့ BT Sports ကို ပြောသွားပါတယ်။

“ကျွန်တော့်အတွက်တော့ ဂိုးတွေအများကြီးသွင်းချင်ပြီး အသင်းကို အကူအညီဆက်ပေးချင်ပါတယ်။ ဂိုးအများကြီးသွင်းနိုင်ဖို့ အမြဲတမ်းကောင်းမွန်ပြီး ကျွန်တော်တို့လည်း ပျော်ရွှင်နေပါတယ်။” လို့ ဆိုသွားပါတယ်။

မန်ယူအသင်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ (၉)ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပြီး အဆင့် ၂ မှာ ရပ်တည်နေပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*