အာဆင်နယ်ဂိုးသမားရဲ့ အမှားအယွင်းကို “ဒါက ဟာသပဲ”လို့ ဝေဖန်သွားတဲ့ ဖာဒီနန်

မနေ့ညက ဝုဗ်လ်ကို ရှုံးနိမ့်သွားတဲ့ ပွဲစဥ်မှာ ဒေးဗစ်လူးဝစ်ဇ် အနီကတ်ကြောင့် အာဆင်နယ်အသင်းဟာ ၁၀ ယောက်နဲ့ကစားနေရတဲ့အချိန် ဂိုးသမား လီနိုက ဧရိယာပြင်ပမှာ လက်နဲ့ ရည်ရွယ်ချက်ရှိရှိ ပုတ်ထုတ်ခဲ့တာကြောင့် အထုတ်ခံခဲ့ရပြီး တစ်သင်းလုံး ၉ ယောက်နဲ့သာ ကစားသွားခဲ့ရပါတယ်။

ပွဲအစပိုင် အာဆင်နယ်ကစားသမား ဆာကာရဲ့ဂိုးကို ခွင့်မပြုခဲ့ပေမယ့် ၃၂ မိနစ်မှာ ပီပီက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး အာဆင်နယ်နောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်ဟာ ဂိုးဧရိယာအတွင်းမှာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး ဝုဗ်လ်အသင်း ပင်နယ်တီရသွားခဲ့ပါတယ်။ ပင်နယ်တီအတွက် ရူဘန်နဗီးက သွင်းယူခဲ့ပြီး ဂျိုအာမောင်တင်ဟိုက ၄၉ မိနစ်မှာ ဝုဗ်လ်အသင်းအတွက် အနိုင်ဂိုး ထပ်သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ကျန် ၁၅ မိနစ်မှာ ဂိုးရဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဂိုးသမား လီနိုက ဂိုးဧရိယာပြင်ပမှာ ဘောလုံးပြန်ကန်ထွက်လာတဲ့နေရာကို မှားယွင်းခန့်မှန်းခဲ့တာကြောင့် လက်နဲ့ ပုတ်ထုတ်လိုက်ရပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ အာဆင်နယ်ရဲ့ ၇ ပွဲဆက် ရှုံးပွဲမရှိဟာ ရပ်တန့်သွားခဲ့ပြီး မန်ယူကစားသမားဟောင်း  ဖာဒီနန်ကလည်း ဂိုးသမားရဲ့အမှားလို့ ပြောသွားခဲ့ပါတယ်။

“လီနိုနဲ့ပတ်သက်ပြီး သူဘာအကြောင်းပြချက်မှ ပေးလို့မရပါဘူး။ ဘောလုံးပြန်ကန်ထွက်မယ့်နေရာကို မှားယွင်းခန့်မှန်းလိုက်တဲ့အချိန် အဲ့မှာ ရယ်စရာဖြစ်သွားခဲ့တယ်။” လို့ ဖာဒီနန်က ပြောသွားပါတယ်။

ဘောလုံးရေးရာသုံးသပ်သူဖြစ်တဲ့ ဂလန်ဟိုဒီကလည်း “သူ့စိတ်ထဲမှာ နှစ်ခွဖြစ်နေမှာ ဒါပေမယ့် သူ့စိတ်ထဲဘာဖြစ်သွားလဲဆိုတာ သူအသိဆုံးပဲ။ ခေါင်းနဲ့ တိုက်ထုတ်၊ ရင်ဘတ်နဲ့ တိုက်ထုတ် တစ်ခုခုလုပ်လိုက်လို့ရတာပဲ”လို့ ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲစဥ်မှာ ကစားသမား ၂ ယောက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး (၂-၁)ဂိုးနဲ့ ဝုဗ်လ်ကို ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*