
ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်း ၂သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ဟာ ချန်ပီယံဆုအတွက်အရေးကြီးချိန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကြောင့် အဓိက ကစားသမားတွေကို ဆုံးရှုံးရနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လာမယ့် မတ်လမှာကစားမှာဖြစ်ပြီး ဘရာဇီးလက်ရွေးစင် ကစားသမားတွေအများအပြားပါဝင်နေတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအတွက်တော့ အခက်ကြုံမယ့်ကိန်းဆိုက်နေပါတယ်။
လီဗာပူးလ်အသင်းမှာ ဖေမီနို၊ ဖာဘင်ညို၊ အယ်လစ်ဆန်စတဲ့ ဘရာဇီးလ်ကစားသမားတွေ ရှိနေသလို မန်စီးတီးမှာလည်း ဂျီးဆပ်စ်၊ ဖာနန် ဒင်ညို၊ အီဒါဆန်တို့ ရှိနေပါတယ်။ ဒါဟာ နှစ်သင်းစလုံး အဓိကအသုံးပြုနေတဲ့ ဂိုးသမားတွေနဲ့ တိုက်စစ်မှူးတွေကိုဆုံးရှုံးရမှာဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမှာပါ။
လီဗာပူးလ်နဲ့ မန်စီးတီးတို့အနေနဲ့ မတ်လမှာကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘရာဇီးလ်ကစားသမားတွေကို စေလွှတ်ခဲ့မယ်ဆိုရင် ပြန်လာချိန်မှာ ၁၀ရက် ဟိုတယ်ကွာရန်တင်း ဝင်ရမယ်လို့ ဖီဖာက ထုတ်ပြန်ထားတာရှိပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ကိုဗစ်ရောဂါအခြေအနေပေါ်မူတည်ပြီး အနည်းဆုံး ၅ရက်အထိ ကွာရန်တင်းဝင်ရမယ့် အခြေအနေကို ဖြေလျော့ပေးသွားနိုင်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေက ကလပ်တွေဟာ သူတို့ကစားသမားတွေကို နိုင်ငံအသင်းဆီ မလွတ်ချင်တာကြောင့် ဖီဖာအနေနဲ့ နိုင်ငံဘောလုံးအဖွဲ့ ချုပ်တွေနဲ့ ကလပ်တွေအကြား ကြားဝင်ဆွေး နွေးမှုပြုလုပ်ပေးရဖွယ်ရှိနေပါတယ်။
Ref: Daily Mail
Leave a Reply