ရာသီကုန်မှာ ရီးယဲလ်ကနေထွက်ခွာဖို့ ပြင်ဆင်ထားပြီး PSG အသင်းထက် မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒပိုရှိနေတဲ့ ရာမို့စ်

ရီးယဲလ်နောက်ခံကစားသမားဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ဟာ ဒီရာသီကုန်ရင် အသင်းကနေထွက်ခွာမယ်လို့ သိရပြီး ပရီးမီးယားလိဂ်ကလပ်တွေကို ပြောင်းရွှေ့ဖို့ ပစ်ထားနေပြီး မန်ယူအသင်းက သူသွားချင်တဲ့နေရာြဖစ်တယ်လို့ သတင်းများအရ သိရပါတယ်။

ရာမို့စ်ဟာ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ အချိန်ဆွဲနေပုံအရ သူ့ကို အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မှာပါ။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ တခြားကလပ်အသင်းတွေနဲ့ ကြိုတင်ချုပ်ဆိုမှုအတွက် စကားပြောဆိုလို့ ရနေပြီး ရာမို့စ်ရဲ့ အစ်ကိုနဲ့ သူ့ရဲ့အေးဂျင့်တို့က အင်္ဂလန်ကို ရွှေ့ဖို့ မျက်စိကျနေကြောင်း The Mirror မှ သိရပါတယ်။

သတင်းအချက်အလက်အရ ပရီးမီးယားလိဂ်ကလပ်တွေထဲက မန်ယူအသင်းဟာ ရာမို့စ်ရဲ့ ပထမဦးစားပေး ပြောင်းရွှေ့မယ့်ကလပ်ဖြစ်တယ်လို့ သိရပြီး PSG အသင်းထက် မန်ယူအသင်းကို ပိုစိတ်စားနေတယ်လို့ ဆိုထားပါတယ်။

လာမယ့် မတ်လမှာ အသက် ၃၅ နှစ်ပြည့်မှာဖြစ်တဲ ရာမို့စ်ကို အာရှကလပ်တချို့ကနေ ကမ်းလှမ်းမှု ရပေမယ့်လည်း သူ့ရဲ့မိသားစုတွေက ပြောင်းဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

ရာမို့စ်ဟာ အခုအသင်းမှာ ၂ နှစ်စာချုပ်နဲ့ အရင်လုပ်ခလစာအတိုင်း တစ်နှစ် ပေါင် ၁၀.၈ သန်းနဲ့ ကမ်းလှမ်းခံထားပါတယ်။ ရာမို့စ်ဟာ ၁၅ နှစ်ကျော်ကစားသမားဘဝအတွင်း လာလီဂါမှာ ဆုဖလား ၁၈ လုံး ရယူထားနိုင်ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*