ခြေစွမ်းပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး မာရှယ် ပုံမှန်ခြေစွမ်းပြန်လည်ရလာလိမ့်မယ်လို့ နည်းပြဆိုးလ်ရှား ယုံကြည်

မန်ယူအသင်းတိုက်စစ်မှူး အန်တိုနီ မာရှယ်အသင်းမှာ ခြေစွမ်းကျဆင်းနေတာနဲ့ ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက ကာကွယ်ပြောဆို  ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် ဂိုးအများဆုံးနဲ့ ၂၅ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် အခုရာသီမှာတော့ ၂၅ ပွဲမှာ ဂိုးပေါက်ကန်သွင်းချက် ၅ ကြိမ်သာ ရှိခဲ့ပြီး နောက်ဆုံး ၇ ပွဲမှာလည်း ဂိုးပေါက်ပျောက်ဆုံးနေပါတယ်။

ဆိုးလ်ရှားကတော့ မာရှယ်အခုလိုဖြစ်နေတာတွေက အချိန်ပေးရမယ့်ကိစ္စဖြစ်ပြီး ဒီညမှာ မန်ယူအသင်းက အာဆင်နယ်ကို အဝေးကွင်း ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

“သူ့ရဲ့ ပင်ကိုစွမ်းရည်က သူ့အတွက်အမြဲတမ်း ကျော်လွှားနိုင်အောင် လုပ်ပေးမှာပါ။ အဲ့ဒီနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်နည်းနည်းလေးမှ သံသယမဖြစ်ပါဘူး”လို့ နည်းပြ ဆိုးလ်ရှားက ပြောသွားပါတယ်။

ဆက်လက်ပြီး“သူ အခွင့်အရေးတချို့တွေ လွဲချော်ခဲ့တာမှန်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာလည်း ဖြစ်နေတာပဲ။ အဲ့ဒါက အခွင့်အရေးရတဲ့အခါကျရင် အဆင်သင့်ဖြစ်နေခြင်းပါပဲ။ မချင့်မရဲ မဖြစ်ဖို့နဲ့ စိတ်ထဲမှာ အဆင်သင့်ဖြစ်နေဖို့ပဲလိုတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလို ဂိုးမသွင်းနိုင်တဲ့ ကာလမျိုးဖြတ်သန်းခဲ့ဖူးပါတယ်။”လို့ပြောသွားပါတယ်။

ဆိုးလ်ရှားက “သူ လေ့ကျင့်ကွင်းမှာ ကြိုးစားလေ့ကျင့်တယ်။ သူဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်တို့ သိကြသလို သူအကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာမယ်ဆိုတာလည်း ကျွန်တော်တို့ သိကြပါတယ်။”လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*