ဘရူနိုရဲ့ ပင်နယ်တီကို ကာကွယ်ဖို့ မဖြစ်နိုင်သလောက်ပါပဲလို့ ပြောသွားတဲ့ မန်ယူဂိုးသမား လီဂရန့်

မန်ယူရဲ့ အရံဂိုးသမားဖြစ်တဲ့ လီဂရန့်ဟာ လေ့ကျင့်ရေးမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ထူးခြားတဲ့ ပင်နယ်တီကန်သွင်းနည်းစနစ်ကြောင့် သူ့ရဲ့ ကန်ချက်တွေကို ဖမ်းမိဖို့ မဖြစ်သလောက်ပါပဲလို့ ဆိုလိုက်ပါတယ်။

လီဂရန့်ဟာ ဂိုးသမား ဒီဂီယာ၊ ဒင်းဟန်ဒါဆန်တို့ရဲ့နောက် တတိယအရံဂိုးသမားဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားရတာ နိုဝင်ဘာ ၂၀၁၉ ကတည်းကနောက်ဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့အတူ အပတ်စဥ်တိုင်း လေ့ကျင့်းရေးဆင်းခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဂရန့်ဟာ အခုရာသီပြိုင်ပွဲစုံမှာ ပင်နယ်တီကနေ ၇ လုံးအထိ သွင်းယူထားနိုင်တဲ့ ဘရူနိုရဲ့ ပင်နယ်တီကို ဖတ်ကြည့်ဖို့ ဘယ်လိုခက်ခဲလဲဆိုတာ ပြောပြသွားပါတယ်။

“ပုံမှန်အာားဖြင့်တော့ ပင်နယ်တီကန်တဲ့သူတွေ ကန်ခါနီး တစ်လှမ်း ဒါမှမဟုတ် နှစ်လှမ်းလောက် ပြေးလာတဲ့ပုံစံကို ကြည့်ပြီး သူတို့ ဘယ်ကို ကန်မလဲဆိုတာ စဥ်းစားနိုင်တယ်။ “ လို့ The Athletic ကို ပြောသွားပါတယ်။

“ကျွန်တော်သူတို့ ခန္ဓာကိုယ်အနေအထား၊ သူတို့ ပြေးဝင်လာတဲ့ ရှုထောင့်တွေကို ကြည့်ပြီးတာနဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဘရူနိုနဲ့ကျတော့ သူ့ခန္ဓာကိုယ် အမူအရာကို ကြည့်ပြီးဘယ်ကို ကန်မလဲဆိုတာ သိဖို့မဖြစ်နိုင်သလောက်ပါပဲ။

“သူ့ရဲ့ ပင်နယ်တီကန်တဲ့ နည်းစနစ်က တခြားသူတွေနဲ့ မတူဘူး။ ကျွန်တော့် ကျင့်သုံးတဲ့ နည်းစနစ်အတိုင်း ဖမ်းမယ်ဆိုရင် သူ့ပင်နယ်တီတွေ တစ်ခါမှ ဖမ်းနိုင်မှာမဟုတ်ပါဘူး။ ဘရူနိုရဲ့ ပင်နယ်တီ ၂၅ လောက်ထဲက တစ်လုံး ဖမ်းမိဖူးတယ်ထင်တယ်။ သူ့မျက်နှာက ပြုံးပြုံးနဲ့ ထောင့်ထဲကို ကန်သွင်းလိုက်တာပါပဲ။”

“ကန်ပြီးတဲ့အချိန် ကျွန်တော်သူ့ကို သူကန်ခါနီး သူ့ပုံစံကိုကြည့်ပြီး ဘယ်လိုကန်မလဲဆိုတာ ခန့်မှန်းရခက်တယ် လို့ ပြောခဲ့တယ်။ ကျွန်တော့်အတွက် ရယ်စရာဖြစ်ခဲ့ရတာပေါ့။”

ပြီးခဲ့တဲ့ရာသီက အပြောင်းရွှေ့ရာသီမှာ စပို့တင်းလစ္စဘွန်းကနေရောက်လာကတည်းက မန်ယူအသင်းအတွက် ပင်နယ်တီ ၁၅ လုံးအထိ သွင်းယူပေးထားပြီး နယူးကာဆယ်နဲ့တွေ့ဆုံတဲ့ အောက်တိုဘာလမှာတော့ တစ်ကြိမ် လွဲချော်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းအတွက် အဓိက အားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကိုလည်း ၄ ကြိမ်ရရှိပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*