
ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်က တနင်္ဂနွေညကစားမယ့်ဘန်လေနဲ့ပွဲမှာ ပွဲထွက်လာဖွယ်ရှိနေတဲ့ ကွင်းလယ်လူကန်တီကိုချီးကျူးခဲ့ပြီး ဒီပြင်သစ်သားနဲ့အလုပ်အတူလုပ်ရဖို့ နှစ်အကြာကြီးစောင့်ဆိုင်းခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြင်သစ်ကွင်းလယ်လူ ကန်တီဟာ တံကောက်ကြောဒဏ်ရာကြောင့်အနားယူခဲ့ရပြီး အခုအခါကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်လို့ ဘန်လေနဲ့ပွဲမှာ ပွဲထွက်လာဖွယ်ရှိနေပါတယ်။
တူချယ်လ်ဟာ ပထမဆုံးကိုင်တွယ်တဲ့ ဝုလ်ဗ်အ သင်းကို ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ အသုံးပြုခဲ့ တဲ့ ၄-၂-၃-၁ formation ကို ပင်တိုင်အသုံး ပြုဖို့ စိတ်ကူးထားပြီး ကန်တီကိုကွင်းလယ်ခံစစ်မှာ တခြားကစားသမားတစ်ဦးနဲ့ တွဲဖက်ကစား ဖို့ အလိုရှိနေပါတယ်။
တူချယ်လ်က ” ရာသီဝက်ကာလမှာ အသင်းတစ်သင်းကို ရောက်လာပြီး ကိုယ်သိတဲ့ကစားသမားတွေနဲ့ပြန်ဆုံရတာ ရယ်စရာကောင်းပါတယ်။ ဟာဗက်ဇ်၊ ဝါနာ၊ ရူဒီဂါတို့ဟာ အရင်ကတည်းက ကျွန်တော်နဲ့ရင်းနှီးသူတွေပါ။ ကျွန်တော်ကိုင်တွယ်တဲ့အသင်းမှာ ကန်တီရှိဖို့ နှစ်အကြာကြီးမျှော်လင့်ခဲ့ပါတယ်။ အခု ကျွန်တော့်အသင်းမှာ သူရှိနေပါပြီ။ ဂီရော့ဒ်နဲ့လည်း ကောင်းကောင်းသိပြီး ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့ပရိသတ်တစ်ဦးပါ” လို့ ဆိုခဲ့ပါတယ်။
ဘန်လေအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ပွဲမှာ လီဗာပူးလ်နဲ့ အက်စတွန်ဗီလာကိုအနိုင်ရထားလို့ စိတ်ဓာတ်ပိုင်း တက်ကြွနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဘန်လေအသင်းကို အိမ်ကွင်းမှာရင်ဆိုင်ကစားရမှာဖြစ်ပြီး တူချယ်လ်အနေနဲ့ ပထမဆုံးနိုင်ပွဲရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Ref:Daily Mail
Leave a Reply