ကိုပါအီတာလီယာဖလားပွဲစဉ်က ဖြစ်ရပ်အတွက် အီဘရာဟီမိုဗစ်နဲ့ လူကာကူကို တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်

အင်္ဂါနေ့ကကစားခဲ့တဲ့ အင်တာမီလန်နဲ့ အေစီမီလန်တို့ရဲ့ ကိုပါအီတာလီယာဖလားကွာတားဖိုင်နယ်ပွဲစဉ်က ဖြစ်ရပ်အတွက် အီဘရာဟီမိုဗစ်နဲ့ လူကာကူတို့ကို တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အင်တာမီလန်က ၂-၁ဂိုးနဲအနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ် ပထမပိုင်းမှာ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူတို့ ခေါင်းချင်းဆိုင်ကာ အချင်းများခဲ့ကြတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က နှစ်ဦးစလုံးကိုအဝါကတ်ပြသတိပေးခဲ့ပြီး အီဘရာဟီမိုဗစ်ဟာ ဒုတိယပိုင်းမှာ အဝါကတ်ထပ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။

တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် လူကာကူဟာ ဂျူဗင်တပ်စ်အသင်းနဲ့ကစားမယ့် ကိုပါအီတာလီယာဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ကိုလွဲချော်မှာဖြစ်ပြီး အီဘရာဟီမိုဗစ်ကတော့ နောက်နှစ်မှာကစားမယ့် ကိုပါအီတာလီယာဖလားပွဲစဉ်မှာမှလွဲချော်မှာဖြစ်ပါတယ်။

မန်ယူအသင်းကစားဖော်ဟောင်းတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်နဲ့ လူကာကူတို့ဖြစ်ရပ်မှာ အီဘရာဟီမိုဗစ်က လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်နေပြီး အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက စုံစမ်းနေတယ်လို့ သိရပါတယ်။

အီဘရာဟီမိုဗစ်ကတော့ သူ့အနေနဲ့ လူကာကူကိုလူမျိုးရေးခွဲခြားခဲ့ခြင်းမရှိဘူးလို့ လူမှုကွန်ရက်အကောင့်ကနေ ပြန်ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲဖြစ်တာကြောင့် လူမျိုးရေးခွဲခြားမှုရှိခဲ့ရင် မိုဗစ်အနေနဲ့ ထပ်တိုးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပါတယ်။

Ref- Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*