
စပါးအသင်းနည်းပြ မော်ရင်ညိုဟာ လီဗာပူးလ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပထမပိုင်းမှာ ခြေချင်းဝတ်ဒဏ်ရာရရှိသွားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ ကာလရှည်အနားယူရမှာကိုစိုးရိမ်နေတယ်လို့ သိရပါတယ်။
စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ပထမပိုင်းပွဲချိန်အတွင်း ဆေးအဖွဲ့ရဲ့ကုသမှု ၂ကြိမ်တိုင်ခံယူခဲ့ပြီး ခြေချင်းဝတ်နှစ်ဖက်စလုံး ဒဏ်ရာရရှိခဲ့တာပါ။
ဟယ်ရီကိန်းအနေနဲ့ဆက်ကစားချင်ပေမယ့် ဒဏ်ရာရရှိထားတာကြောင့် မော်ရင်ညိုက လာမယ်လာနဲ့လူစားလဲခဲ့ရပါတယ်။
မော်ရင်ညိုက “သူ့ ခြေချင်းဝတ်နှစ်ဖက်စလုံးဒဏ်ရာရခဲ့တာပါ။ ပထမတစ်ကြိမ်ကတော့ အယ်လ်ကန်တာရာရဲ့ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် ဖြစ်ပါတယ်။ နောက်တစ်ကြိမ်ကတော့ ကျွန်တော်မမြင်လိုက်ဘူး။ ခြေချင်းဝတ်နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် ဒုတိယအကြိမ်ရတဲ့ဒဏ်ရာက ပထမဟာထက် ပိုပြင်းထန်တယ်။
ရက်သတ္တပတ်အနည်းငယ်နားရမလား..ကျွန်တော်မသိပါဘူး။ သူက ပွဲကိုဆက်ကစားချင်ပေမယ့် ဒဏ်ရာပိုမထိခိုက်အောင် လူစားလဲလိုက်ရတာပါ။ သူဘယ်လောက် အနားယူရမလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရပါမယ်” လို့ဆိုခဲ့တယ်။
ပထမပိုင်းအတွင်း စပါးကစားသမားတွေအချင်းချင်း မကျေမလည်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းမှုအပေါ်မော်ရင်ညိုက ” ရှုံးနိမ့်နေတာကိုလက်ခံဖို့ ခက်ခဲနေတဲ့အချိန် အသင်းတစ်သင်းမှာတွေ့ရတဲ့အဖြစ်အပျက်မျိုးပါပဲ။ တစ်ဦးချင်း ခံစစ်ပိုင်းအမှားတွေက များလွန်းတဲ့အတွက် ထိန်းချုပ်နိုင်ဖို့ခက်ခဲသွားတယ်။ လီဗာပူးလ်ကို ၄ဂိုးမသွင်းနိုင်ဘဲ ဒါမျိုးလုပ်လို့မဖြစ်ပါဘူး” လို့ ဖြေကြားခဲ့တယ်။
စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးက မန်စီးတီးနဲ့ ၇မှတ်အထိကွာဟသွားခဲ့ပြီး အဆင့် ၆ နေရာမှာရပ်တည်နေပါတယ်။
Ref:Daily Mail
Leave a Reply