စပါးကိုအနိုင်ရတဲ့ပွဲက အယ်လ်ကန်တာရာရဲ့ခြေစွမ်းကိုကလော့ပ်ချီးကျူးခဲ့ပြီး ဒီထက်ပိုကောင်းလာမယ်လို့ ယုံကြည်နေ 

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ဟာ စပါးအသင်းကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲက အယ်လ်ကန်တာရာရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး ဒီထက်ပိုကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။

ကလော့ပ်ဟာ စပါးနဲ့ပွဲမှာ အယ်လ်ကန်တာရာကိုပုံမှန်အသုံးပြုနေကျ ကွင်းလယ်ဗဟိုနေရာမှာ အသုံးမပြုဘဲ ညာခြမ်းမှာအသုံးပြုခဲ့ပါတယ်။ ကွင်းလယ်ဗဟိုမှာ ဝိုင်နယ်လ်ဒမ်းကို အသုံးပြုခဲ့ပြီး မီလ်နာနဲ့ အယ်လ်ကန်တာရာတို့တွဲဖက်ကာ ပထမဆုံးအကြိမ်အဖြစ် ဒီကစားသမား၃ဦးကို ခင်းကျင်းပွဲထွက်ခဲ့တာပါ။

အယ်ကန်တာရာဟာ ဘိုင်ယန်ကနေပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာကြောင့်အနားယူခဲ့ရပြီး စပါးနဲ့ပွဲကို သူ့ရဲ့ပရီးမီးယားလိဂ် ၅ပွဲမြောက်အဖြစ် ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က ခံစစ်ကစားသမားတွေဒဏ်ရာရနေတာကြောင့် နည်းစနစ်ပြောင်းလဲကာ တိုက်စစ်လိုက်ပါကစားတတ်တဲ့ အယ်လ်ကန်တာရာကို ကွင်းလယ်အစွန်မှာအသုံးပြုခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က” ဒါက ကောင်းမွန်တဲ့ရလဒ်ပါပဲ။ကျွန်တော်တို့လိုအပ်နေတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ဒီပွဲမှာ နည်းစနစ်ပိုင်းအရ နေရာအပြောင်းအလဲတချို့ပြုလုပ်ခဲ့တယ်။ သူဟာ ဝိုင်နယ်လ်ဒမ်း၊ မီလ်နာတို့နဲ့အတူ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့တယ်။ သူက ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီး အဆုံးအဖြတ်နေရာ (ကွင်းလယ်ဗဟို)မှာ ချက်ချင်းကစားခဲ့ရတယ်။ ဒါက သူ့အတွက် မလွယ်ကူခဲ့ပါဘူး။ သူ့အနေနဲ့ ဒီပွဲကခြေစွမ်းထက် ပိုကောင်းလာဦးမှာပါ”လို့ ဆိုခဲ့တယ်။

ဒါအပြင့် ကလော့ပ်က နောက်ခံလူ မာတစ်ခြေချင်းဝတ် ဒဏ်ရာရရှိသွားခဲ့ပေမယ့် ကစားသမားသစ်ခေါ်ယူဖို့အတွက် သေချာပေါက်မပြောနိုင်သေးဘူးလို့ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့်၄နေရာတက်လှမ်းလာပြီး ထိပ်ဆုံးက တစ်ပွဲလျော့ကစားထားတဲ့ မန်စီးတီးနဲ့ ရမှတ် ၄မှတ်သာ ကွာဟပါတော့တယ်။

Ref:Liverpoolecho

Be the first to comment

Leave a Reply

Your email address will not be published.


*