မက်ဆီနဲ့ နှိုင်းယှဥ်နေတဲ့အပေါ် အိုဒီဂတ်အတွက် ကာကွယ်ပြောဆိုသွားခဲ့တဲ့ နည်းပြ အာတီတာ

လူတွေက မာတင်အိုဒီဂတ်ကို သူ့ကစားသမားဘဝ အစောပိုင်းကာလမှာ မက်ဆီနဲ့ နှိုင်းယှဉ်နေကြတာဟာ မမျှတဘူးလို့ အာတီတာက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီနယ်အသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ်ကို ရာသီကုန်အထိ အငှားခေါ်ယူခဲ့ပြီး အိုဇေးလ်ရဲ့ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ခဲ့ပါတယ်။ ကြာတပတေးနေ့က အသင်းနဲ့အတူ အချိန်ပြည့် လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။

” ခင်ဗျားတို့ ပြောပြောနေတဲ့ နာမည် (မက်ဆီ) နဲ့ ကျွန်တော်သိပ်တောင် မရင်းနှီးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့အမြင်ကတော့ အရှုံးသက်သက်ပြိုင်ဆိုင်မှုပါပဲ။ ပြီးတော့ မာတင်က မာတင်ပါ။” လို့ အာတီတာကပြောသွားပါတယ်။

“ပြီးခဲ့တဲ့ရာသီမှာ မာတင်ဟာ မှန်ကန်တဲ့ နည်းလမ်းနဲ့ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော်သူ့နောက် နီးနီးကပ်ကပ်လိုက်ဖူးတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့ဇာတိဖြစ်တဲ့ ရီးယဲလ်ဆိုစီဒက်မှာ ကစားခဲ့တယ်။ အဲ့တော့ ကျွန်တော်သူ့ကို ကောင်းကောင်းသိတယ်။”

ဆက်လက်ပြီး “သူက အရမ်းကို ပါရမီရှိတဲ့ ကစားသမားပါ။ သူဟာ မှန်ကန်တဲ့နေရာနဲ့ အချိန်အနည်းငယ်ပဲလိုတာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ သူ့မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေရှိပါတယ်။ သူက လူအများတွေကြားထဲ ကစားတဲ့နေရာမှာ တော်တဲ့သူတစ်ယောက်ဖြစ်ပြီး နံပတ် ၈ နဲ့ ၁၀ နေရာတွေမှာလည်း ကစားနိုင်တယ်။”

“တောင်ပံ‌မှာကစားနိုင်တယ်၊ ဖန်တီးမှုစွမ်းရည်ကောင်းတယ်၊ ကျဉ်းကျပ်တဲ့နေရာတွေမှာ ဘောလုံးကို သက်တောင့်သက်သာ ကစားနိုင်တယ်၊ ဂိုး‌တွေသွင်းနိုင်အောင် ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိတဲ့သူဖြစ်တယ်” လို့ဆိုသွားတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*