အောင်မြင်မှု ချက်ချင်းလိုချင်နေတဲ့အသင်းလို့ ချဲလ်ဆီးပိုင်ရှင်ကို ဝေဖန်သွားပြီး လမ်းပတ်ကို ကာကွယ်ပြောဆိုသွားတဲ့ ရွန်းနီ

ချဲလ်ဆီးအသင်းကို အင်္ဂလိပ်ကလပ်တွေမှာ အမြင့်ဆုံးဖြစ်‌အောင်လုပ်ဖို့အတွက် ဖရန့်လမ်းပတ်ကို အချိန်ပိုပေးသင့်ကြောင်း ဝိန်းရွန်းနီက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လမ်းပတ်ကိုထုတ်ပယ်လိုက်ပြီး PSG နဲ့ ဒေါ့မွန် နည်းပြဟောင်း သောမတ်စ်တူချယ်ကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ရွန်းနီဟာ အခုဒါဘီအသင်းမှာ နည်းပြအဖြစ် ကိုင်တွယ်နေပြီး ဒီအသင်းဟာ ဖရန့်လမ်းပတ် နည်းပြအဖြစ်စတင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ရွန်းနီက “သက်သေအချက်အလက်တွေက မလိမ်ပါဘူး။ ဂျာဂင်ကလော့ပ်ကိုကြည့်လိုက်ပါ။ အသင်းက သူ့ကို အချိန်ပေးခဲ့တယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားကို ရသွားတယ်။”

“ဒီထက်ပိုပြီး နောက်ပြန်သွားကြည့်ချင်ရင် အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်ကို ကြည့်လိုက်ပါ။ ‌မိုယက်စ်က အဲဗာတန်ကို ချန်ပီယံလိဂ်ရောက်အောင် စွမ်းဆောင်ပေးနိုင်တယ်။ ဒိုင်ချီလည်း သူ့ဘန်လေအသင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်တယ်။” လို့ပြောသွားပါတယ်။

ဆက်လက်ပြီး” ရိုမန်အေဘရာမိုဗစ် ချဲလ်ဆီးကလပ်ကို ရောက်လာတဲ့အခါမှာတော့ သူတို့ဟာ နည်းပြတွေ သူတို့ရဲ့ အိုင်ဒီယာနဲ့ အသင်းတည်ဆောင်နိုင်အောင် အချိန်မပေးခဲ့ဘူး။ သူတို့က ချက်ချင်းအောင်မြင်တာမျိုးကို လိုချင်တယ်။ မလုပ်နိုင်ရင်တော့ မင်းအပြစ်မင်းခံပဲ။ ဖရန့်လည်း ဒါကို ကောင်းကောင်း သိမယ်ထင်တယ်။”

“သူမနှစ်က ချဲလ်ဆီးအသင်းကို လူငယ်လေးတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးထားတယ်။ ကျွန်တော့် အမြင်အရတော့ ဖရန့်ကို မထုတ်သင့်ပါဘူး။ တကယ်လို့ ဇယားထိပ်က အသင်း အမှတ် ၂၀ လောက်ကွာနေရင် နားလည်ပေးလို့ရပါတယ်။ အခုဟာက လက်လှမ်းမီလို့ရတဲ့ အနေအထားမျိုးပါ။” လို့ပြောသွားပါတယ်။

ရွန်းနီဟာ ဒါဘီအသင်းနဲ့ ကစားသမားဘဝကစာချုပ်မကုန်ခင်မှာ ဆက်ပြီးနည်းပြအဖြစ်နောက် ၁ နှစ် ထပ်တိုး ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါဘီအသင်းဟာ ချန်ပီယံရှစ်တန်းဆင်းဇုန်မှာ ရုန်းကနေရပြီး ရွန်းနီကတော့ အကောင်းကြိုးစား လုပ်ဆောင်နေပါတယ်။

Ref: dailymail

 

Be the first to comment

Leave a Reply

Your email address will not be published.


*