ရီးယဲလ်မက်ဒရစ်ကိုမပြောင်းဘဲ စပါးအသင်းမှာသာ ဆုဖလားရဖို့ အာရုံစိုက်သင့်တယ်လို့ ဟယ်ရီကိန်းကို သတိပေးလိုက်တဲ့ ခရော့ချ်

စပါးအသင်းတိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က ဟယ်ရီကိန်းအနေနဲ့ ရီးယဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ဘဲ အသင်းမှာသာ ဆုဖလားရယူနိုင်ဖို့ အာရုံစိုက်သင့်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

စပါးအသင်းရဲ့ ဂိုးသွင်းစံချိန်ရှင် ဟယ်ရီကိန်း (၂၇နှစ်)ဟာ ကစားသမားဘဝမှာ ဆုဖလား အောင်မြင်မှု လုံးဝမရရှိသေးတာကြောင့် ရီးယဲလ်မက်ဒရစ်ကိုပြောင်းကာ အောင်မြင်မှုရှာဖွေဖို့ သတင်းထွက်နေပါတယ်။

ဟယ်ရီကိန်းဟာ ၂၀၁၈-၁၉ ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းသမိုင်းတစ်လျှောက် ပထဆုံးအကြိမ် ဗိုလ်လုပွဲရောက်ခဲ့ပေမယ့် လီဗာပူးလ်ကိုရှုံးနိမ့်ခဲ့တာကြောင့် ပထမဆုံးဆုဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။

ခရော့ချ်က ဟယ်ရီကိန်းအနေနဲ့ တခြားအသင်း တစ်သင်းနဲ့ဆုဖလားရယူနိုင်တာထက် စပါးအသင်းနဲ့ ဆုဖလားရယူနိုင်တာက သူ့အတွက် အဆပေါင်းများစွာ အဓိပ္ပါယ်ရှိလိမ့်မယ်လို့ ဆိုပါတယ်။

ခရော့ချ်က ” သူ့အနေနဲ့ စပါးနဲ့အတူ ဆုဖလားရယူနိုင်မယ်ဆိုရင် ရီးယဲလ်ကိုသွားပြီး ဆုဖလား ရယူနိုင်တာထက် ၁၀ဆ အဓိပ္ပါယ်ပိုရှိမှာပါ။ တစ်ခါတစ်ရံမှာ မြက်ဆိုတာမျိုးဟာလည်း အမြဲတမ်းစိမ်းနေတာမဟုတ်ပါဘူး။ သူက ထိပ်တန်း ကစားသမားပါ။ သူ့ဟာ အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်ပြီး ဒီအသင်းကနေ ထွက်ချင်တယ်ဆိုရင်လည်း ဘယ်သူမှ မတားနိုင်ပါဘူး။”

“ဒါပေမဲ့ သူ့အနေနဲ့ စပါးအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုရယူဖို့ဆန္ဒရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ တခြားအသင်းတွေနဲ့ တခြားနိုင်ငံမှာ ဆုဖလားရယူနိုင်တာထက် အဆပေါင်းများစွာ အဓိပ္ပါယ်ပိုရှိပါတယ်။ သူသာ ဒီအသင်းအတွက် ဆုဖလားရယူပေး နိုင်ခဲ့ရင် သူ့ရုပ်တုကို ဒီမှာမြင်ရဖို့သေချာပါတယ်” လို့ ဆိုခဲ့တယ်။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့အိမ်ကွင်းပွဲစဥ်မှာ (၁-၃)နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒူးဒဏ်ရာရသွားခဲ့ကာ ဘယ်လောက်ကြာကြာအနားယူရမလဲဆိုတာ မသိရသေးပါဘူး။

Ref:Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*