ချစ်သူရဲ့မွေးနေ့မှာ Surprise အလုပ်ကောင်းလို့ အီတလီအစိုးရဲ့ ကိုဗစ်စည်းမျဉ်းနဲ့ညှိစွန်းခဲ့ပြီး စုံစမ်းခံနေရတဲ့ စီရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ ချစ်သူဂျော်ဂျီနာရဲ့မွေးနေ့မှာ Surprise အလုပ်ကောင်းလို့ အီတလီအစိုးရ ရဲ့ကိုဗစ်စည်းမျဉ်းနဲ့ညှိစွန်းခဲ့ပြီး စုံစမ်းခံနေရတယ်လို့ သိရပါတယ်။

အသက် ၃၅နှစ်ရှိ စီရော်နယ်လ်ဒိုဟာ အတူနေ ချစ်သူဂျော်ဂျီနာရဲ့ ၂၇နှစ်ပြည့်မွေးနေ့ကို တူရင်မြို့နဲ့ ၉၃မိုင်ဝေးတဲ့ ကော်မေယာစကိတ်အပန်းဖြေစခန်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။

သူတို့စုံတွဲဟာအဲဒီမှာရှိတဲ့ ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ ဟိုတယ်တစ်ခုမှာတည်းခိုခဲ့ပြီး နှင်းတောထဲမောင်းနှင်ရတဲ့ယာဉ်တစ်စီးကို အတူစီးခဲ့တာကိုလည်း ဗီဒီယိုရိုက်ကာ လူမှုကွန်ရက်အကောင့်မှာ တင်ရှိခဲ့တယ်။

ဒီဗီဒီယိုကိုသတိထားမိသွားတဲ့ အီတလီအာဏာပိုင်တွေဟာ စုံစမ်းမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ အီတလီအစိုးရဟာ ကိုဗစ်ထိန်းချုပ်နိုင်ဖို့အတွက် မြို့တစ်မြို့နဲ့ တစ်မြို့ အရေးကြီးကိစ္စ၊ ကျန်းမာရေး စတဲ့အကြောင်းပြချက်တွေမရှိဘဲ သွားလာခွင့်ကို ဖေဖော်ဝါရီ ၁၅ရက်နေ့အထိ ပိတ်ပင်ထားတာပါ။

စီရော်နယ်လ်ဒိုဟာ SPALအသင်းကိုအနိုင်ရတဲ့ ကိုပါအီတာလီယာကွာတားဖိုင်နယ်ပွဲစဉ်မှာ မပါဝင်ခဲ့ဘဲ ဆမ်ဒိုးရီးယားနဲ့စီးရီးအေပွဲစဉ်အတွက် အနားပေးခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက သူ့လူမှုကွန်ရက်အကောင့်တွေမှာ ဂျော်ဂျီနာနဲ့တွဲရိုက်ထားတဲ့ပုံကို ” ဘဝရဲ့အချစ်” ဆိုတဲ့ Caption နဲ့တွဲလျက်တင်ရှိခဲ့ ပါတယ်။ သူတို့စုံတွဲဟာ မနေ့က တူရင်မြို့ကိုပြန်ရောက်လာပြီဖြစ်ပြီး ကိုဗစ်စည်းမျဉ်းချိုးဖောက်တာမှန်ကန်ပါက ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။

ဒီပြစ်ဒဏ်အတွက် ပေးဆောင်ရမယ့် ဒဏ်ငွေ ၃၅၄ ပေါင်ဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်လုပ်ခပေါင် ၂၆သန်းရရှိနေတဲ့ စီရော်နယ်လ်ဒိုအတွက်တော့ ၇မိနစ်စာသာရှိလို့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*