
လာမယ့်စနေနေ့ မန်ယူအသင်းနဲ့ ကစားရမယ့်ပွဲစဥ်မှာ အာဆင်နယ် အသင်းခေါင်းဆောင် အော်ဘာမီယန်း ဘာဝင်ဖို့မသေချာကြောင်း သိရပါတယ်။
အော်ဘာမီယန်းဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ တွေ့ဆုံခဲ့တဲ့ ၂ ပွဲစလုံးမှာလည်း လွဲချော်ခဲ့ပြီး ဆိုရှယ်မီဒီယာကနေ သူ့ရဲ့ နေမကောင်းတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နေရတာကြောင့် မပါဝင်ဖြစ်ဘူးလို့ တင်ထားပါတယ်။
အော်ဘာမီယန်းဟာ အင်္ဂလန်ကနေ ထွက်ခွာသွားခဲ့ရတာကြောင့် ပြန်ရောက်လာရင် ကိုဗစ်စည်းကမ်းချက်များအရ ရှုပ်ထွေးမှာဖြစ်တဲ့အပေါ် နည်းပြ အာတီတာ ပြောဆိုဖို့ ငြင်းပယ်သွားခဲ့ပါတယ်။
“ကျွန်တော်မသိပါဘူး။ ကျွန်တော်သူနဲ့ မနေ့က စကားပြော ဖြစ်ခဲ့တယ်။ အခုအချိန်ထိတော့ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ စောင့်ကြည့်ရတာပေါ့။” လို့ပြောသွားပါတယ်။
အော်ဘာမီယန်း အင်္ဂလန်ကနေထွက်ခွာသွားတဲ့အပေါ် “သူ့ မိသားစုတွေကို အားပေးဖို့ လိုပါတယ်။ ပြီးတော့ သူတို့နဲ့အတူ ရှိနေဖို့ လိုပါတယ်။” လို့ အာတီတာက ပြောသွားပါတယ်။
အော်ဘာမီယန်းပြန်ရောက်လာရင် ကွာရန်တင်း ဝင်ရမလားဆိုတဲ့အပေါ် အာတီက “ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်မသိပါဘူး။”လို့ ဆိုသွားပါတယ်။
ဗုဒ္ဓဟူးနေ့က ရီးယဲလ်ကနေ အငှားနဲ့ပြောင်းရွှေ့လာတဲ့ အိုဒီဂတ်ကတော့ အသင်းဖော်သစ်နဲ့အတူ လေ့ကျင့်ရေးဆင်းရတော့မှာဖြစ်ပြီး ကြံ့ခိုင်မှုအရ လာမယ့်ပွဲမှာ ပါဝင်ဖို့တော့ မသေချာပါဘူး။ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် အာဆင်နယ်တို့ အိမ်ကွင်းမှာ မန်ယူနဲ့ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။
Ref: dailymail
Leave a Reply