“ကျွန်တော်ရဲ့ အပြုအမူမကောင်းခဲ့ဘူးဆိုရင် ပြစ်ဒဏ်ခံတယ်”လို့ လီဗာပူးလ်နဲ့မတွေ့ဆုံမီ ကလော့ပ်ကို ထိုးနှက်လိုက်တဲ့ မော်ရင်ညို

စပါးနည်းပြ မော်ရင်ညိုဟာ ဒိုင်လူကြီးတွေနဲ့ ဘောလုံးစည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေက ကွင်းဘေးနည်းပြဧရိယာထဲနည်းပြတွေရဲ့ အပြုအမူကြမ်းတမ်းတဲ့အပေါ် တင်းကြပ်တာ လျော့နည်းလာပြီလို့ ဆိုလိုက်ပါတယ်။

မော်ရင်ညိုဟာ သူအရင်တုန်းက ပွဲပယ်ခံရတာတွေ ဒဏ်ကြေးဆောင်ရတာတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခံရတာနဲ့ပတ်သက်ပြီး ပြိုင်ဘက်နည်းပြတွေထဲဖြစ်တဲ့ ကလော့ပ်ဟာ ဒေါသတကြီးတုံ့ပြန်ပြောဆိုပုံတွေကနေ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတယ်လို့ ဆိုသွားပါတယ်။

“ကျွန်တော့်ရဲ့ ပြုမူပုံမကောင်းခဲ့ဘူးဆိုရင် ပြစ်ဒဏ်ခံခဲ့တယ်”လို့ မော်ရင်ညိုက ဒီနေ့ညမှာ တွေ့ဆုံမယ့် ကလော့ပ်ကို ရည်ညွှန်းပြောဆိုခဲ့တယ်။

“တစ်ခုကတော့ ကျွန်တော်အဝတ်လဲခန်းက TV ထဲကနေ ပွဲစဥ်ကို ကြည့်ရှုရပြီး နောက်တစ်ခုကတော့ ကြီးမားတဲ့ ဒဏ်ကြေးငွေဆောင်ရတာပါပဲ။ တချို့နည်းပြတွေအတွက်ကျတော့ အဲ့လိုမျိုးမဖြစ်ဘူး။” လို့ ပြောသွားပါတယ်။

မော်ရင်ညိုဟာ ပေါ်တိုကနေ ချဲလ်ဆီးအသင်းကို ၂၀၀၄ ခုနှစ်က ရောက်လာခဲ့ပြီး ဒိုင်တွေနဲ့ စောဒကတက်တာတွေများပြီး တစ်ခါတလေ ခန္ဓာကိုယ်နဲ့ အမူအရာဖော်ပြတာတွေကြောင့် နည်းပြဧရိယာကနေ မကြာခဏ ထုတ်ပယ်ခံရတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

“တည်တည်ငြိမ်ငြိမ်ဖြစ်လေ ကျွန်တော်ပွဲကို အကဲဖြတ်ရတာ ကောင်းလေပဲ။ ကျွန်တော့်ရဲ့ အပြုအမူပုံစံတွေကို ပြောင်းလဲဖို့လိုတယ်လို့ ခံစားမိပါတယ်။”

ပြီးခဲ့နှစ် ဒီဇင်ဘာလက အန်းဖီးလ်ကွင်းမှာ ဖာမီနိုရဲ့ နောက်ကျသွင်းဂိုး (မိနစ် ၉၀)နဲ့ လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲစဥ်မှာ ကလော့ပ်ရဲ့ တက်ကြွအူမြူးအောင်ပွဲခံပုံကို မော်ရင်ညိုက ဒေါသထွက်ခဲ့ပါတယ်။

“ဒိုင်တွေက သူ့ရဲ့ပြုမူပုံတွေကို ဒီအတိုင်းပဲ ခွင်ပြုပေးထားတယ်။”လို့ သူ့ရဲ့ မကျေနပ်ချက်ကို ပြောသွားပါတယ်။ လီဗာပူးလ်ရဲ့ နည်းပြဧရိယာနားက ကလော့ပ်ရဲ့ပြုမူပုံတွေကို မော်ရင်ညိုအပြင် ဘန်လေနည်းပြ ဒိုင်ချီ၊ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်တို့လည်း စိတ်အနှောက်အယှက် ဖြစ်ခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*