
မန်ယူအသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဇယားအောက်ဆုံးက ရှက်ဖီးယူနိုက်တက် ရှုံးနိမ့်အပြီး နောက်ခံကစားသမား မက်ဂွဲယားက ကွင်းလယ်ဒိုင် ပီတာဘန်းစ်ကို အပြစ်လွဲချလိုက်ပါတယ်။
ရှက်ဖီးဂိုးသမားကို ပြစ်ဒဏ်ကြူးလွန်ခဲ့တာကြောင့် မန်ယူအသင်းအတွက် ချေပဂိုးကို ခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင် ဘန်းစ်ဟာ မှားယွင်းခဲ့တယ်လို့ မက်ဂွဲယားက အခိုင်အမာ ဆိုခဲ့ပါတယ်။ ရှက်ဖီးရဲ့ ဦးဆောင်ဂိုးသွင်းယူတဲ့အချိန်မှာ ဂိုးသမား ဒီဂီယာကို ဘီလီရှက်ဖ်က အနောက်ကနေဝင်တိုက်ခဲ့တာကိုတော့ ခွင့်ပြုပေးထားပါတယ်။
ဒုတိယပိုင်းမှာ မန်ယူအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွဲယားက “ဒါက အရမ်းကို မယုံကြည်နိုင်စရာပါပဲ။ ဘီလီရှက်ဖ်လုပ်ခဲ့တဲ့ ပြစ်ဒဏ်က ကျွန်တော့်ထက်များတယ်ဆိုတာ သံသယဝင်စရာမရှိဘူး။ လူတွေက နှစ်ယောက်စလုံး ပြစ်ဒဏ်မကျူးလွန်ဘူးလို့ ပြောကောင်းပြောလိမ့်မယ်။
“ကျွန်တော် ဘောလုံးတိုက်ဖို့အတွက် ခုန်လိုက်တယ်။ ဂိုးသမားကိုလည်း မထိခဲ့ဘူးလို့ထင်တယ်။ သူက ကျွန်တော့်နောက်ကနေ ထိထားတယ်။ ကျွန်တော့်လက်ကလည်း သူ့အနားမှာမရှိဘူး။ ဒိုင်ကတော့ ဒါကို ပြန်ကြည့်ပြီး သူမှားလုပ်ခဲ့မိတယ်ဆိုတာသိမယ်လို့ ကျွန်တော်ထင်တယ်။” လို့ ပြောသွားပါတယ်။
နည်းပြ ဆိုးလ်ရှားကလည်း မန်ယူအသင်းဟာ မျှမျှတတ အဆုံးအဖြတ်မရခဲ့ဘူးလို့ ပြောသွားပါတယ်။ “ပထမဂိုးက ဂိုးက ပြစ်ဒဏ်ဘောဖြစ်ခဲ့ပါတယ်။ ဒီဂီယာနောက်ကို ရှက်ဖ်က ဝင်တိုက်ခဲ့တာပါ။ ကျွန်တော်တို့ ဘက်ကျတော့ ပြစ်ဒဏ်ဘော မဖြစ်တဲ့ဂိုးပေါ့။ အဲ့ဒီမှာ ဒိုင်က အမှားနှစ်ခုလုပ်ခဲ့တယ်။”
အသင်းကစားပုံနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ဒုတိယဂိုး ပေးလိုက်ရတာကတော့ တော်တော်ညံ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးကိုလွဲလွဲနဲ့ ဆုံးရှုံးလိုက်တယ်။ ဒါပေမယ့် ဘောလုံးရှင်းထုတ်ဖို့အတွက် တုံ့ဆိုင်းနေကြတယ်။”လို့ ပြောသွားပါတယ်။
Ref: dailymail
Leave a Reply