
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီးနည်းပြသစ် တူချယ်အနေနဲ့ အင်္ဂလန်မြေမှာ အောင်မြင်မှုရယူနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို ဂွါဒီယိုလာကိုင်တွယ်ခဲ့စဉ်က မိန့်ဇ်၊ ဒေါ့မွန်အသင်းတွေမှာ တူချယ်လ်ကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ့မွန်အသင်းကို တူချယ်လ်ကိုင်တွယ်စဉ်မှာ အမှတ်ချန်ပီယံဆုအတွက် ဂွါဒီယိုလာရဲ့ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ဖြစ်ခဲ့ပါတယ်။
ဂွါဒီယိုလာက လမ်းပတ်နေရာအစားဝင်လာခဲ့တဲ့ တူချယ်လ်အကြောင်း မိမိကောင်းကောင်း သိရှိထားပြီး ချယ်လ်ဆီးအသင်းမှာ သေချာပေါက်အောင်မြင်မှုရလိမ့်မယ်လို့ ဆိုခဲ့တာပါ။
ဂွါဒီယိုလာက ” ချယ်လ်ဆီးမှာ သူအောင်မြင်မှုရယူနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒီနိုင်ငံမှာ သူ့ကိုမြင်ရတဲ့အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့တဲ့အချိန်က မိန့်ဇ်၊ ဒေါ့မွန်တို့နဲ့ကစားတဲ့ပွဲတွေမှာ သူ့ကိုပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ရတယ်။”
“ဒေါ့မွန်အသင်းမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီး အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ သူ့ကိုမိတ်ဆွေတစ်ဦးလို့ပဲ သတ်မှတ်ထားပါတယ်။ သူနဲ့ထပ်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်” လို့ ဆိုခဲ့တယ်။
တူချယ်လ်ဟာ ဒေါ့မွန်အသင်းကနေထွက်ခွာခဲ့ ပြီးနောက် ၂၀၁၈ခုနှစ်မှာ PSG အသင်းနည်းပြဖြစ်လာခဲ့ပြီး အမှတ်ပေးချန်ပီယံဆု ၂နှစ်ဆက်ရခဲ့ပေမယ့် ဥရောပအောင်မြင်မှုမရခဲ့လို့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တူချယ်လ်ကို ၁၈လစာချုပ်နဲ့ နည်းပြသစ်အဖြစ်ခန့်အပ်ထားခြင်းဖြစ်ပြီး အောင်မြင်မှုအပေါ်မူတည်ကာ သက်တမ်းတိုး၊ မတိုးဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
Ref: Manchestereveningnews
Leave a Reply