
မန်ယူကစားသမားဟောင်း ဖာဒီနန်က အာဆင်နယ်လူငယ်ကစားသမားဖြစ်တဲ့ ဘူကာရို ဆာကာရဲ့ ရင့်ကျက်မှုပေါ် ချီးကျူးသွားပြီး ဆောက်သမ်တန်ကို (၁-၃)နဲ့ အရနိုင်တဲ့ပွဲမှာ အသင်းရဲ့အကောင်းပုံစံရရှိအောင် ကူညီပေးတဲ့နောက် သူဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်နှင့်ပြီးသားလို့ ဆိုသွားပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရထားတာကြောင့် ဇယားမှာ အဆင့် ၈ နေရာကို ပြန်တက်လာနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဆာကာကတော့ ဒီပွဲစဥ်မှာ တစ်ဂိုးသွင်းပေးပြီး ကစားဖော် လာကာဇက်ကိုလည်း ဂိုးဖန်တီးပေးခဲ့ပါတယ်။
အာဆင်နယ်အသင်း ရလဒ်တွေဆိုးရွားနေတုန်းက အင်္ဂလန်နိုင်ငံလက်ရွေးစင်ကစားသမား ဆာကာဟာ အာတီတာရဲ့ အသင်းပြန်လည်ရုန်းထနိုင်ဖို့ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ တိုက်ပွဲဝင်ပေးခဲ့ပြီး အခုနောက်ပိုင်း အသင်းအကောင်းဆုံးရလဒ် စွမ်းဆောင်နိုင်နေတာကလည်း ဆာကာက အဓိကကျပါတယ်။
“သူကစားတာ အရမ်းကောင်းခဲ့ပါတယ်။ ကျွမ်းကျင်ပါးနပ်မှု၊ အထင်ကြီးလောက်အောင် ကစားပြနိုင်တာတွေက သူ့ရဲ့ ရင့်ကျက်မှုပါပဲ”လို့ BBC Sports ကို ပြောသွားပါတယ်။
ဆာကာဟာ အသင်းခေါင်းဆောင်ဖြစ်နှင့်နေပြီလားလို့ မေးမြန်းတဲ့အပေါ် ဖာဒီနန်က “သူ့ စွမ်းဆောင်ရည်အရဆိုတော့ ဟုတ်ပါတယ်။ အဲ့ကွင်းထဲက သူ့ခြေစွမ်းနဲ့ ရလဒ်တွေကြောင့် စီနီယာကစားသမားတွေ သူ့ကိုကြည်ပြီး ‘ဝိုး,… သူအသင်းမှာ ရှိနေဖို့ မျှော်လင့်တယ်’လို့ တောင် ပြောနေကြပါလိမ့်မယ်။”လို့ ပြောသွားပါတယ်။
“အဲ့ဒီပွဲစဥ်မှာ သူကစားခဲ့တဲ့ခြေစွမ်းက အသင်းက ကစားသမားတွေအာလုံးထက် ပိုသာတယ်ဆိုတာ မသိမထားမိဘဲ မနေပါဘူး။ ဆာကာဟာ အသင်းအတွက် ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ အာတီတာလည်း သိမယ်လို့ ကျွန်တော်ထင်တယ်။”
ဆက်လက်ပြီး “သူက ခြေနှစ်ဘက်စလုံးနဲ့ တစ်ချက်ထိန်း နှစ်ချက်ထိန်း ကစားနိုင်တယ်။ သူ့ရဲ့ ဆုံးဖြတ်ချက် ချပုံတွေက ကျွန်တော့်အတွက်တော့ သူဖြတ်သန်းလာတဲ့နှစ်တွေထဲမှာ အကောင်းဆုံးပါပဲ။”လို့ ပြောသွားပါတယ်။
Ref: dailymail
Leave a Reply