လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာထပ်ရခဲ့လို့ နှစ်ကုန်အထိ အေစီမီလန်အတွက် ပါဝင်ကစားနိုင်ဖွယ်မရှိတော့တဲ့ အီဘရာဟီမိုဗစ်

အေစီမီလန်အသင်းရဲ့အဓိကတိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ လေ့ကျင့်ရေးကွင်းမှာ တင်ပါးကြွက်သား ဒဏ်ရာထပ်မံရရှိခဲ့လို့ ဒီနှစ်ကုန်အထိ အသင်းအတွက်ပါဝင်ကစားနိုင်ဖွယ်မရှိတော့ဘူးလို့ သိရပါတယ်။ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပြီး ဒီရက်ပိုင်းမှ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်ခဲ့တာပါ။

အဲဒီလေ့ကျင့်ရေးအစီအစဉ်မှာ မိုဗစ်ဟာ တင်ပါးကြွက်သားဒဏ်ရာထပ်မံရရှိသွားတာဖြစ်လို့ ဒီဇင်ဘာလအတွင်းမှာ ကစားမယ့်အရေးကြီးတဲ့ပွဲ စဉ်တွေကို လွှဲချော်တော့မှာဖြစ်ပါတယ်။

စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေစီမီလန်အသင်းဟာ ဒီဇင်ဘာလအတွင်း ဆာဆူအိုလို၊ လာဇီယိုတို့နဲ့ ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပြီး မိုဗစ်မပါနိုင်တာက ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။ အေစီမီလန်ရဲ့တိုက်စစ်ကို ဦးဆောင်နေတဲ့ အီဘရာဟီမိုဗစ်ဟာ ဒီရာသီအသင်းရဲ့ စီးရီးအေ ၁၂ပွဲမှာ ၆ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် ၁၀ဂိုးသွင်းယူထားကာ ပြိုင်ပွဲရဲ့ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Ref: Milan News

Be the first to comment

Leave a Reply

Your email address will not be published.


*