“ကျွန်တော် နောက်ဆုံးစဥ်းစားနေတဲ့အရာက ပွဲစဥ်ဇယားပဲဖြစ်ပါတယ်”လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ်မှာ ဝက်စ်ဘရွန်းအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ဂွါဒီယိုလာဟာ ဇယားထိပ်ကို ပြန်တက်ရောက်သွားခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကိုတော့ ဂန်ဒိုဂမ် (၂ဂိုး)၊ စန်စယ်လို၊ မာရက်ဇ်နဲ့ စတာလင်းတို့က သီးသီးသွင်းယူပေးခဲ့ကြပါတယ်။

မန်စီးတီးဟာ မြို့ခံပြိုင်ဘက်အသင်း မန်ယူကို ၁ မှတ်ဖြတ်ထားနိုင်ပြီး ဇယားထိပ်မှာရပ်တည်နေပေမယ့် လာမယ့် ဗုဒ္ဓဟူးညမှာ ကစားမယ့် မန်ယူအသင်းဟာ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့ရင်တော့ အဆင့် ၁ ပြန်ရောက်သွားမှာပါ။

မန်စီးတီးဟာ အခုရာသီမှာ ဇယားထပ်ကို ရပ်တည်နိုင်တဲ့ ၉ သင်းမြောက်အသင်းဖြစ်ပြီး ၁၁ ပွဲဆက် ပြိုင်ပွဲစုံ အနိုင်ရထားတာကြောင့် ဂွါဒီယိုလာကတော့ သူ့ရဲ့အကောင်းဆုံး အနေအထားမှာ ဖြစ်နေပါတယ်။

“ကျွန်တော်နောက်ဆုံး စဥ်းစားတဲ့အရာကတော့ ပွဲစဥ်ဇယားပါပဲ။ အခုဆိုရင် ကျွန်တော်အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်လာချင်တယ်။ ရက်တချို့ အနားယူမယ်။ ပြီးတော့ ကျွန်တော် တစ်ခုတည်း စိုးရိမ်နေတာက ရှက်ဖီးယူနိုက်တက်အကြောင်းပါပဲ။”လို့ ပြောသွားပါတယ်။

“မယုံကြည်နိုင်စရာကောင်းတဲ့ ဒီမာရသွန်ပြိုင်ပွဲကြီးမှာ နောက်ထပ် ၁၉ ပွဲတောင် ကစားရဦးမှာပါ။ ကျွန်တော်တို့ အမှတ်တွေလျော့ပြီး ပွဲတွေရှုံးသွားဖို့ ရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ အဆင့် ၁၂ မှာ ရှိတုန်းကလိုမျိုး တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ပါပဲ။ ကျွန်တော်တို့ ဘာလို့ အဲ့ဒီပွဲစဥ်ကိုမနိုင်လဲနဲ့ ချက်ချင်း နောက်တစ်ပွဲမှာ ပြန်နိုင်တာမျိုးတွေ နားလည်ထားဖို့လိုပါတယ်။”

“ဒါတွေအားလုံး ကျွန်တော်စိုးရိမ်နေတဲ့အရာတွေပဲ။ ဒါက ပရီးမီးယားလိဂ်ဖြစ်တယ်။ ကြိုဆိုပါတယ်။ ဒါဟာ ကြမ်းတမ်းတဲ့ ခရီးလမ်းတစ်ခုဖြစ်တယ်။ အားလုံးသိထားပြီးသား ပြိုင်ပွဲတစ်ခုဖြစ်တယ် ကျွန်တော်တို့ အကောင်းဆုံး ရှေ့ဆက်သွားနေတယ်။”လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*