ဇယားထိပ် အဆင့် ၄ အတွင်းဝင်နိုင်မလားဆိုတဲ့အပေါ် ပြောဆိုဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ ခရစ္စမတ်ပွဲကျပ်ကာလ ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပွဲဆက်တွေအနိုင်ရနေပေမယ့်လည်း နည်းပြအာတီတာက ရာသီကုန် အသင်းရဲ့ ပစ်မှတ်ကို ထုတ်ပြောဖို့ ငြင်းဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲမှာ ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပေမယ့် နောက် ၃ ရက်အကြာ ပရီးမီးယားလိဂ်မှာ ပြန်လည်တွေ့ဆုံခဲ့ရပြီး အဝေးကွင်းမှာ (၁-၃)ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းလည်း ဇယားရပ်တည်မှု အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အိမ်ရှင်ဆောက်သမ်တန်က ဦးဆောင်ဂိုးသွင်ယူခဲ့ပေမယ့်လည်း အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ နီကိုးလက်စ် ပီပီနဲ့ ဘူကာယိုကို ဆာကာတို့က အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပြီး နောက်ဆုံးပိတ်ကိုတော့ လာကာဇက်က သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရထားပေမယ့်လည်း နည်းပြအာတီက “ကျွန်တော် ဇယားရပ်တည်မှုကို မကြည့်ချင်ပါဘူး”လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဘယ်လိုကောင်းမွန်လာတာလဲ၊ ကျွန်တော်တို့ အကောင်းဆုံး ကစားနေတာတွေနဲ့ ပွဲတွေအနိုင်ရနေတာတွေပဲ ကြည့်ချင်ပါတယ်။”

“မနက်ဖြန်က လေ့ကျင့်မယ်၊ နေရာတော်တော်များများကို တိုးတက်အောင်လုပ်မယ့် နောက်ထပ်တစ်နေ့ပါပဲ။ ပြီးတော့ အဲ့ဒီကနေ ဘာတွေပြန်ရလာမလဲပေါ့။”

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဘာမီယန်းဟာ  ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်  ဆောက်သမ်တန်နဲ့ ၂ ကြိမ်စလုံး လွဲချော်ခဲ့ပါတယ်။ သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အာတီတာက “သူတို့ တစ်ယောက်ကို တစ်ယောက် ဘယ်လိုထောက်ပံ့လဲ၊ ဘယ်လို ကာကွယ်လဲဆိုတာကို ကျွန်တော် နှစ်သက်ပါတယ်။ အော်ဘာဟာ ခက်ခဲတဲ့ အချိန်ကာလတစ်ခုထဲရောက်နေတာပါ။ ကျွန်တော်တို့အားလုံး သူ့အနောက်မှာ ရှိနေပါမယ်။ ဒီနိုင်ပွဲက သူ့အတွက်ပါ။” လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*