ဇန်နဝါရီလထဲမှာ အိုဇေးလ်၊ ဆိုကရက်တစ်တို့လို မူစတာဖီစာချုပ်ကိုလည်း အဆုံးသတ်လိုက်ဖို့ စီစဥ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဇန်နဝါရီလ ကစားသမားတွေ ရှင်းထုတ်တာမှာ နောက်ခံကစားသမား မူစတာဖီရဲ့ စာချုပ်ကိုလည်း အဆုံးသတ်လိုက်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်ဟာ အိုဇေးလ်၊ ဆိုကရက်တစ်တို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ သဘောတူညီမှုရယူပြီး အသင်းကနေ ထုတ်လိုက်ပါတယ်။ ၂၈ နှစ်အရွယ် မူစတာဖီကိုလည်း ဇွန်လမတိုင်ခင်ထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ကိုလာဆီနစ်လည်းပဲ ရှော်လ်ကေးကို အငှားချခံခဲ့ရပါတယ်။

မာတင်အိုဒီဂတ်ဟာ အာဆင်နယ် လေ့ကျင့်ရေးကွင်းကို တနင်္လာနေ့ကတည်း ကြိုရောက်နေပြီး အင်္ဂါနေ့မှာ ရီးယဲလ်အသင်းကနေ အငှားပြောင်းရွှေ့ကိစ္စတွေကို အပြီးသတ်ဖို့ စောင့်ဆိုင်းနေပါတယ်။

ဗဟိုခံစစ်ကစားသမား မူစတာဖီဟာ အသင်းမှာ ပွဲထွက်ခွင့်အနည်းငယ်သာရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ၃ ပွဲသာ ပါဝင်ကစားထားရသေးပါတယ်။

ရော့ဘ်ဟိုးဒင်းဟာ အာတီတာရဲ့ အစီအစဥ်ထဲမှာ အဓိက ကစားသမားအဖြစ်ပါဝင်နေပြီး ကျန် ဂါဘရီရယ်၊ ဒေးဗစ်လူးဝစ်ဇ်၊ ပါဘလို မာရီနဲ့ ချိမ်ဘာတို့က မူစတာဖီ ရှေ့မှာရှိနေပါတယ်။

မူစတာဖီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အာဆင်နယ်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းခဲ့ပေမယ့် မကြာခင် အသင်းကနေထွက်ခွာသွားရဖို့ ဖြစ်နေပါတယ်။ မူစတာဖီဟာ ၂၀၁၆ ခုနှစ်တုန်းက ဗလင်စီယာကနေ ပြောင်းရွှေ့လာခဲ့ပြီး အာဆင်နယ်အတွက် ၁၅၁ ပွဲ ကစားပေးထားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*