ပွဲချိန်ပြည့်ကစားခဲ့ပြီး ဂိုးသွင်းယူပေးနိုင်တာကြောင့် ဂါရတ်ဘေးလ်ကို ချီးကျူးလိုက်တဲ့ မော်ရင်ညို

စပါးအသင်းနည်းပြ မော်ရင်ညို အသင်းရဲ့ တောင်ပံတိုက်စစ်ကစာသမားဖြစ်တဲ့ ဂါရတ်ဘေးလ်ရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ကျေနပ်မိတယ်လို့ ပြောသွားပါတယ်။ ဝေးလ်နိုင်ငံသား ဂါရတ်ဘေးလ်ဟာ ဝင်ဘာလေကွင်းမှာ ဝိုင်ကွန်ဘီကို (၄-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲစဥ်မှာ ခြေစွမ်းပြကစားသွားခဲ့ပါတယ်။

ဂါရတ်ဘေးလ်ဟာ FA ဖလား စတုတ္ထအကျော့နိုင်ပွဲမှာလို ကွင်းထဲမှာ အချိန်များများ ကစားသွားဖို့နဲ့ တစ်သမတ်တည်းဖြစ်နေဖို့ လိုအပ်တယ်လို့ မော်ရင်ညိုက ဝန်ခံသွားခဲ့ပါတယ်။

ဂါရတ်ဘေးလ်က အဲဒီပွဲစဥ်မှာ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ကစားသွားခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ချေပဂိုးသွင်းယူနိုင်တဲ့အပေါ် မော်ရင်ညိုက ကောင်းပါတယ်လို့ ပြောသွားခဲ့ပါတယ်။

“တချို့ လှုပ်ရှားတာတွေကောင်းတယ်။ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တချို့၊ ပြိုင်ဘက်ကစားသမားတွေထက် အသာရတာ၊ ဂိုးသွင်းခွင့် ဖန်တီးတာတွေနောက် ဂိုးသွင်းယူတာလည်းပါတာပေါ့။”လို့ မော်ရင်ညိုက ပြောသွားပါတယ်။

“အဲ့ဒါတွေအပြင် သူ မိနစ် ၉၀ အပြည့်မကစားနိုင်ဘူးလို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။ သူ့ကို ပြောင်းလဲဖို့လိုအပ်မယ်လို့လည်း မခံစားခဲ့ဖူးဘူး။ ဒါက တော်တော်ကောင်းပါတယ်။”

“ချန်ပီယံရှစ်လိဂ် ဝိုင်ကွန်ဘီအသင်းဟာ အသင်းကောင်းတစ်သင်းပါ။ ပြိုင်ဆိုင်မှုနဲ့ နိုင်လိုစိတ်အရမ်း ထက်သန်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ပျော်ရွှင်ပါတယ်။”လို့ ပြောသွားပါတယ်။

ဂါရတ်ဘေးလ်ဟာ စပါးကို စက်တင်ဘာလတုန်းက ရီးယဲလ်အသင်းကနေ အငှားရောက်လာခဲ့တာဖြစ်ပြီး ဒူးဒဏ်ရာနဲ့ ခြေသလုံးဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲချိန်ပြည့်မကစားခဲ့ရဘဲ အခုဒီပွဲစဥ်မှာတော့ အသင်းအတွက် ပထမဆုံး ပွဲချိန်ပြည့်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

စပါးဟာ FA ဖလား ပဥ္စမအဆင့်မှာ အဲဗာတန်အသင်းကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*