ဒါဘီအသင်းရဲ့ ငွေကြေးအခက်အခဲကာလကြောင့် ရွန်းနီဟာ သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၉၀,၀၀၀ ထဲက တစ်စိတ်တစ်ပိုင်းကို ရွေ့ဆိုင်းပေး

ဒါဘီအသင်းဟာ ငွေကြေးဆိုင်ရာ အကျပ်အတည်းကာလထဲဖြစ်နေတာကြောင့် ဝိန်းရွန်းနီက သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၉၀,၀၀၀ ထဲက တစ်စိတ်တစ်ပိုင်းကို ရွှေ့ဆိုင်းပေးမယ်လို့ ဆိုခဲ့ပါတယ်။

ရွန်းနီဟာ ဒါဘီအသင်းကို ကစားသမားအဖြစ် ၁ နှစ်ခွဲ စာချုပ်နဲ့ ရောက်လာခဲ့ပြီး ပြီးခဲ့တဲ့ လကမှ နည်းပြအဖြစ် ကစားသမားဘဝက စာချုပ်ပါအတိုင်းပဲ နောက်ထပ် ၁၂ လ တိုးပြီး ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွန်းနီက ဒါဘီအသင်းရဲ့  ငွေကြေးအကျပ်အတည်းအဆင်ပြေဖို့အတွက် သူ့ကိုပေးချေရမယ့် လစာငွေတွေကို စောင့်ဆိုင်းပေးသွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ရွန်းနီဟာ မနှစ်က ကစားသမားဘဝအနေနဲ့တုန်းကလည်း အသင်းသားတွေကို လစာငွေ ရွှေ့ဆိုင်းတာ လက်ခံပေးဖို့ ဖျောင်းဖျပေးခဲ့တာမှာလည်း အရေးပါတဲ့သူ ဖြစ်ခဲ့သလို အခု နည်းပြအနေနဲ့လည်း ထိုနည်းတူ ကိုင်တွယ်ဖြေရှင်းပေးခဲ့ပါတယ်။

ချန်ပီယံရှစ်အသင်း ဒါဘီကလပ်ဟာ Derventio Holdings ကုမ္ပဏီက လွဲပြောင်းယူတာ ပြီးဆုံးဖို့ စောင့်ဆိုင်းရင်းအခုအချိန်ထိ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေဟာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။

အခုပိုင်ရှင် မယ်လ်မိုရစ်ဟာ ကလပ်ထဲ ငွေကြေးတွေ ပိုမိုစိုက်ထုတ်ဖို့အတွက် ဝန်လေးနေတာကြောင့် အခြေအနေတွေက ပိုဆိုးရွားလာခဲ့တာြဖစ်ပြီး ကစားသမားတွေဟာလည်း ပြီးခဲ့တဲ့လက လစာတွေတောင် အပြည့်မရကြသေးဘဲ ဖြစ်နေပါတယ်။

ကျန်ရှိနေသေးတဲ့ ဒီဇင်ဘာ လစာငွေတွေကို ၂၅ ရက်နေ့မှာ လွဲပေးသွားပြီး ဇန်နဝါရီလ လစာတွေကိုတော့ လာမယ့် သောကြာနေ့မှာ ပေးချေသွားမယ်လို့ ဆိုထားပါတယ်။

ရွန်နီဟာ ကလပ်အသင်းမှာ လစာငွေအမြင့်ဆုံးကစားသမားဖြစ်ပြီး တခြားကစားသမားတွေ လစာရဖို့ မသေချာတဲ့အခြေအနေမှာ သူ့ရဲ့လစာငွေတွေကို အပြည့်ယူသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*