
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ဟာ ကစားဖို့လူမရှိဖြစ်နေတဲ့ ဗဟိုခံစစ်နေရာအတွက် တပည့်ဟောင်း ဆိုကရာတစ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကလော့ပ်ဟာ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့ ဒဏ်ရာရနေတာကြောင့် လူငယ်ကစားသမားတွေနဲ့ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့လို ကွင်းလယ်လူတွေကို ဗဟိုခံစစ်မှာ အသုံးပြုနေရပါတယ်။
ဒါပေမဲ့ အားရကျေနပ်စရာခြေစွမ်းမျိုးမမြင်ရဘဲ နောက်ဆုံးပွဲစဉ်မှာ လူငယ်ကစားသမား ရိုင်းဝီလီယံရဲ့ အမှားတွေကြောင့် မန်ယူကို (၃-၂)ဂိုးနဲ့ရှုံးနိမ့်ကာ FAဖလားပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဂရိနောက်ခံလူဆိုကရာတစ်ဟာ အာဆင်နယ်အသင်းကနေထွက်ခွာလာခဲ့ပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေပြီး ဒေါ့မွန်အသင်းမှာလက်တွဲခဲ့တဲ့ ကလော့ပ်ရဲ့ဆက်သွယ်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။
ကလော့ပ်ဟာ ၂၀၁၃ခုနှစ်မှာ ဝါဒါဘရီမင်အသင်းကနေ ဆိုကရာတစ်ကိုခေါ်ယူခဲ့ပြီး သူ လီဗာပူးလ်ကို မပြောင်းရွှေ့မီအချိန်အထိ ဒေါ့မွန်အသင်းမှာ ၂နှစ်ခန့် လက်တွဲခဲ့ကာ ပုံမှန်ပွဲထွက်ကစားခဲ့ရပါတယ်။
ကလော့ပ်က ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ ဆိုကရာတစ်ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိတာကြောင့် အလွတ်နဲ့ခေါ်ယူနိုင်မယ့်အခြေအနေကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။
Ref: Daily Mail
Leave a Reply