
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၉ အထိ ကျသွားအပြီးမှာတော့ ဖရန့်လမ်းပတ်ဟာ အထုတ်ခံလိုက်ရပါတယ်။ ကစားသမားတွေကိုလည်း တနင်္လာနေ့ ညနေခင်းမတိုင်ခင်အထိ လေ့ကျင့်ရေးကွင်းကို မလာဖို့မှာထားတာဖြစ်ပါတယ်။
လမ်းပတ်ဟာ ရိုမန်အေဘရာမိုဗစ်ပိုင်ရှင်လက်ထပ် ချဲလ်ဆီးနည်းပြအဖြစ် အထုတ်ခံရတဲ့ ဆယ်ယောက်မြောက် နည်းပြ ဖြစ်လာခဲ့ပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲ ရှုံးခဲ့ပြီးနောက်မှာ ကလပ်က ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းပိုင် အေဘရာမိုဗစ်က နည်းပြတွေကို ထုတ်ပယ်အပြီး ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ လမ်းပတ်ကို ထုတ်ပယ်လိုက်ပြီလို့ အတည်ပြုထားပြီး သူ့ကိုလည်း “အရမ်းကို ရိုးဖြောင့်တဲ့သူတစ်ယောက်”လို့ ပြောထားပါတယ်။ ထပ်ပြီးထည့်သွင်းထားတာက “အခု အသင်းလည်ပတ်ပုံအရ ကျွန်တော်တို့ နည်းပြအပြောင်းအလဲလုပ်ဖို့ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုထားပါတယ်။
တနင်္ဂနွေနေ့က FA ဖလား လူတန်အသင်းကို အနိုင်ရခဲ့ပြီး ပဥ္စမအဆင့်ကို တက်ရောက်သွားနိုင်ပေမယ့်လည်း အဲ့ဒီရလဒ်က လမ်းပတ်ကို မကူညီနိုင်ခဲ့ပါတယ်ဘူး။
အေဘရာမိုဗစ်က “ဒါက ကလပ်အတွက် အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဖရန့်လမ်းပတ်နဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး သူ့အပေါ် အရမ်းကို လေးစားမှုရှိလို့ပါ။”လို့ ပြောသွားပါတယ်။
“ကလပ်မှာ ရှိတဲ့သူတွေအားလုံးကိုယ်စား၊ ဘုတ်အဖွဲ့နဲ့ ပုဂ္ဂိုလ်ရေးအနေနဲ့ ဖရန့် ချဲလ်ဆီးမှာ နည်းပြအဖြစ် အလုပ်လုပ်ခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ သူအောင်မြင်ပါစေလို့ ဆုတောင်ပေးပါတယ်။”
“သူဟာ ဒီကလပ်အတွက် အရေးပါတဲ့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းဟာ လျော့နည်းမသွားဘဲ ဒီမှာဆက်ရှိနေမှာပါ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူ့ကို နွေးနွေးထွေးထွေး အမြဲတမ်း ကြိုဆိုနေပါတယ်။”လို့ ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ လှစ်လပ်သွားတဲ့နည်းပြနေရာအတွက် ၂၄ နာရီအတွင်း PSG နည်းပြဟောင်း တူချယ်ကို ခေါ်ယူသွားဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
Ref: dailymail
Leave a Reply