လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်နိုင်ပွဲအများဆုံးနည်းပြဖြစ်လာတဲ့ ယာဂန်ကလော့ပ်

လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ ၇ဂိုး ပြတ် အနိုင်ယူခဲ့ပြီးနောက် အသင်းသမိုင်း တစ်လျှောက် ပရီးမီးယားလိဂ်နိုင်ပွဲ အများဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။

ကလော့ပ်ဟာ အဲဒီပွဲစဉ်မှာလီဗာပူးအသင်းကို ၁၉၆ပွဲ မြောက် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၁၂၇ပွဲ မြောက် နိုင်ပွဲရခဲ့ကာ ပရီးမီးယားလိဂ်နိုင်ပွဲ ၁၂၆ ပွဲ ရရှိထားတဲ့ နည်းပြဟောင်းဘင်နီတက်ဇ် (၂၂၈ပွဲကိုင်တွယ်)ကို ကျော်ဖြတ်ပြီး အသင်းသမိုင်းမှာ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက်လည်း အဲဒီနိုင်ပွဲဟာ အဆင့်မြင့်တန်းလိဂ်ပြိုင်ပွဲမှာ ဂိုးအပြတ်ဆုံး အဝေးကွင်းနိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၈၉ခုနှစ်၊ စက်တင်ဘာလက ပဲလေ့စ်အသင်းကိုပဲ အိမ် ကွင်းမှာ ၉-၀ ဂိုးနဲ့အနိုင်ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ၇ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်မှာ ဒုတိယနေရာက အဲဗာတန်အသင်းကို ၅မှတ် ဖြတ်ကာ ဦးဆောင်လျက်ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*