အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ကတိနဲ့ အိုဒီဂတ်ကို ရာသီကုန်အထိအငှါးခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ရီးယဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်ကစားသမား မာတင်အိုဒီဂတ်ကို အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ကတိနဲ့ ရာသီကုန်အထိအငှါးခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၂နှစ်သာရှိသေးတဲ့ နော်ဝေကစားသမား အိုဒီဂတ်ကိုခေါ်ယူလိုတဲ့အသင်း ၃သင်း လောက်ရှိနေပေမယ့် အာတီတာက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ကတိပေးခဲ့တာကြောင့် ကစားသမားက အာဆင်နယ်ကိုရွေးချယ်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အိုဒီဂတ်ရဲ့အပြောင်းအရွှေ့အတွက် ရီးယဲလ်အသင်းကို အငှါးခေါ်ယူကြေး ပေါင် ၂.၅သန်း ပေးချေရမှာဖြစ်ပြီး ကစားသမားရဲ့လစာကိုလည်း ပေးချေရမှာဖြစ်ပါတယ်။ အိုဒီဂတ်ဟာ မနေ့က လန်ဒန်ကိုရောက်ရှိလာပြီး ဒီနေ့မှာတော့ ဆေးစစ်မှုပြုလုပ်သွားဖို့ ရှိနေပါတယ်။

သူ့အနေနဲ့ ဆေးစစ်မှုအောင်မြင်ပြီး အပြောင်းအရွှေ့ကိစ္စလုပ်ဆောင်ပြီးစီးတဲ့အခါ ကွာရန်တင်း ဝင်စရာမလိုဘဲ အသင်းဖော်သစ် တွေနဲ့ပူးပေါင်းနိုင်မယ်လို့ သိရပါတယ်။ အိုဒီဂတ်ဟာ အစောပိုင်းမှာ ဆိုစီဒက်အသင်း ကိုပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပေမယ့် ရီးယဲလ်အသင်းက လာလီဂါပြိုင်ဘက်ထက် အာဆင်နယ် အသင်းကိုသာ အငှါးချဖို့ အလိုရှိခဲ့တာကြောင့် အခုလိုသဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

အိုဒီဂတ်ဟာ အာဆင်နယ်အသင်းမှာ အငှါးစာချုပ်သက်တမ်းတိုးထားတဲ့ ရီးယဲလ်ကစားဖော် စီဘယ်လို့စ်နဲ့ ပြန်တွေ့ဆုံရမှာဖြစ်ပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*