
အနာဂတ်အတွက် အသင်းပြောင်းရွှေ့ဖို့စဥ်းစားနေတဲ့ မန်ယူကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ဒေးဗစ်မိုယက်စ် ကိုင်တွယ်တဲ့ ဝက်စ်ဟမ်းအသင်းက အလိုရှိနေတယ်လို့ ဆိုလိုက်ပါတယ်။
လင်ဂတ်ဟာ လီဗာပူးလ်နဲ့ တွေ့ဆုံတဲ့ FA ဖလားပွဲစဥ်မှာ အသင်းကနေထွက်ခဲ့ရပြီး အရံကစားသမားတွေနဲ့ လေ့ကျင့်ရေးဆင်းခဲ့ရပါတယ်။
အသက် ၂၈ နှစ်အရွယ် လင်ဂတ်ကို နယူးကာဆယ်နဲ့ ဝက်စ်ဘရွန်းတို့ကလည်း စိတ်ဝင်စားနေပေမယ့်လည်း အငှားနဲ့သာ ခေါ်ယူချင်နေပါတယ်။
၂၀၁၃-၁၄ ရာသီတုန်းက ဒေးဗစ်မိုယက်စ်ဟာ မန်ယူနည်းပြအဖြစ် တာဝန်မယူခင်တုန်းက လင်ဂတ်နဲ့အတူ အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ ဘရင်မင်ဂန်နဲ့ ဘရိုက်တန်အသင်းကို အငှားနဲ့သွားရောက်မကစားခင် လင်ဂတ်ဟာ ဒေးဗစ်မိုယက်စ်နဲ့ ရာသီအစ ချစ်ကြည်ရေးပွဲစဥ်တွေမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။
မိုယက်စ်ထုတ်ပယ်ခံရပြီး ဗန်ဂါးလ်လက်ထပ်မှာတော့ လင်ဂတ်ဟာ မန်ယူအသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ၂၁၀ ပွဲမှာ ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
လင်ဂတ်ဟာ အခုရာသီ အိုးထရက်ရှ်ဖို့ဒ်မှာ တချို့ပွဲစဥ်တွေမှာ လူစားလဲပါဝင်ကစားခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ တစ်ပွဲမှ ကစားရသေးပါဘူး။
ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်ဟာ ဖေဖော်ဝါရီလ ည ၁၁ နာရီ ပိတ်သိမ်းမှာဖြစ်တာကြောင့် နောက်တစ်ပတ်ထဲမှာ ကလပ်တော်တော်များများက အပြောင်းအရွှေ့တွေ လုပ်ကြမယ်လို့ သိရပါတယ်။
ဒေးဗစ်မိုယက်စ်က ကွင်လယ်ကစားသမား လင်ဂတ်အပြင် တိုက်စစ်မှူးတစ်ယောက်ပါ ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။
Ref: dailymail
Leave a Reply