
ဂန္ထဝင်ကစားသမားတွေဖြစ်ကြတဲ့ အလန်ရှီးယားနဲ့ အီရန်ရွိုက်တို့က မန်ယူအသင်းအတွက် ဘရူနို ကန်သွင်းတဲ့ အနိုင်ဂိုးဖြစ်သွားတဲ့ ဖရီးကစ်ကို ခွင့်ပြုသင့်လားဆိုတဲ့အပေါ် သဘောထားမတူညီကြဘဲ ဖြစ်နေပါတယ်။
FA ဖလား စတုတ္ထအကျော့ပွဲစဥ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားကြပြီး နှစ်ဘက်စလုံး (၂-၂) ဂိုး သရေကျနေချိန်မှာ လီဗာပူးလ်နောက်ခံကစားသမား ဖာဘင်ညိုက ကာဗာနီအပေါ် ကစားပုံကြမ်းခဲ့လို့ ကွင်းလယ်ဒိုင်က မန်ယူအသင်းအတွက် ဖရီးကစ် ပေးခဲ့ပါတယ်။
နယူးကာဆယ် ဂန္ထဝင်ကစာသမား အလန်ရှီးယားကတော့ ဖာဘင်ညိုဟာ ကာဗာနီကို အနောက်ကနေ ဒူးနဲ့တိုက်ခဲ့တာကြောင့် အဲ့ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ပြောသွားပါတယ်။
အလန်ရှိးယားက “ခံစစ်ကစားသမားက ကာဗာနီရဲ့နောက်ဘက်ကနေ ဝင်လာတာဖြစ်တယ်။ သူရဲ့ အတွေ့အကြုံနဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းအသုံးပြုသွားတယ်။ သူ့ရဲ့ ဒူးက ကာဗာနီကို နောက်ကနေတိုက်ခဲ့တာဖြစ်တယ်။ ဒါဟာ ဖရီးကစ် ဆိုတာ လုံးဝသေချာပါတယ်။”လို့ BBC Sports ကို ပြောသွားပါတယ်။
သဘောမတူခဲ့တဲ့ အီရန်ရွိုက်စ်က “ကာဗာနီက လဲကျဖို့ ဖြစ်တဲ့အနေအထားပါ။ ဖာဘင်ညို လုပ်ရပ်ကလည်း ဘာမှထူးခြား မသွားပါဘူး။ ကာဗာနီက သူ့ဘာသာ လဲကျဖို့ ဖြစ်နေတာပါ။”လို့ ပြောသွားပါတယ်။
ပွဲချိန် ၁၂ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ဘရူနိုက အဲ့ဒီဖရီးကစ်ကနေ မန်ယူအသင်းအတွက် အနိုင်ဂိုးသွင်းယူ ပေးခဲ့ပြီး လီဗာပူးလ်တော့ လက်တလော စိတ်ပျက်စရာနိုင်ပွဲပျောက်ဆုံးမှုနဲ့ ဆက်သွားခဲ့ရပါတယ်။
အဲ့ဒီပွဲစဥ်မှာ မန်ယူအသင်းအတွက် ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ မသွင်းယူခင် လီဗာပူးလ်တိုက်စစ်မှူး မိုဆာလတ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး (၂-၂)ဂိုးသရေကျသွားအောင် နောက်ထပ်တစ်လုံးထပ်သွင်းယူခဲ့ပေမယ့် ဘရူနိုဖရီးကစ်က မန်ယူအသင်းအတွက် (၃-၂) အနိုင်ရလဒ် ပြောင်းလဲသွားခဲ့ပါတယ်။
Ref: dailymail
Leave a Reply