မန်ယူအသင်းကို တန်ပြန်တိုက်စစ်ကစားလို့ရအောင် ဖော်ထုတ်ခဲ့မိလို့ စိတ်ပျက်နေတဲ့ ဂျာဂင်ကလော့ပ်

လီဗာပူးလ်ဟာ မန်ယူကို တန်ပြန်တိုက်စစ်ကစားလို့ရအောင် ဖော်ထုတ်ခဲ့မိတယ်လို့ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ FA ဖလား ရှုံးပွဲအပြီးမှာ ကလော့ပ်က ဝန်ခံသွားခဲ့ပါတယ်။

မန်ယူနဲ့ လီဗာပူးလ်တို့ အပြန်အလှန်ဂိုးသွင်းယူခဲ့ကြပေမယ့် မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဖရီးကစ်ကတစ်ဆင့် လူစားဝင်လာတဲ့ ဘရူနိုဖာနန်ဒက်စ်က သွင်းယူပေးခဲ့ပြီး (၃-၂)နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် လီဗာပူးလ်တို့ဟာ ပရီးမီးယားလိဂ်မှာလည်း ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အပေါ် ဖိအားပိုဖြစ်လာခဲ့ပါတယ်။

“ပထမဂိုးအတွက် ကျွန်တော်တို့ အကာအကွယ်မရှိခဲ့ပါဘူး။ ကျွန်တော်တို့အရမ်းကို ဂိုးတွေလိုချင်နေခဲ့တာပါ။ ဒီလိုအရာတွေ မဖြစ်သင့်ပါဘူး။ ဘောလုံးလက်ခံလို့ရတဲ့နေရာမှာ ကျွန်တော်တို့ ကစားသမားတွေ အများကြီးရှိပါတယ်။” လို့ပြောသွားပါတယ်။

“ဂိုးနားမှာ တချို့အမှားအယွင်းလေးတွေရှိခဲ့ပါတယ်။ တကယ်လို့ ခင်ဗျားအဲ့နေမှာ အနိုင်ရချင်ရင် အကောင်းဆုံးဖြစ်နေရမှာဖြစ်ပေမယ့် ကျွန်တော်တို့ မဖြစ်ခဲ့ပါဘူး။ “

“ဒါက ကျွန်တော်တို့လိုချင်တဲ့ ရလဒ်မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့ ၂ ဂိုးသွင်းနိုင်ခဲ့လို့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့ ၃ ဂိုးသွင်းခဲ့တယ်။”

လာမယ့် ကြာသပတေးမှာ စပါးအသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး လီဗာပူးလ်အသင်းလည်း အခုလို နိုင်ပွဲပျောက် ရလဒ်ဆိုးကနေ ရုန်းထွက်ဖို့ ဖိအားဖြစ်နေပါတယ်။

“ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကျွန်တော်တို့လိုချင်တာ အကုန်ရခဲ့တယ်။ ပြီးတော့ အမှားတချို့လည်း လုပ်မိတာပေါ့။ ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့။ အဖွဲ့လိုက်အနေနဲ့ ကျွန်တော်တို့ အတူတူ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။”

“ကျွန်တော်တို့ ဒီလိုကာလထဲ ခဏရောက်နေတာပါ။ ကျွန်တော်တို့ နိုင်ပွဲတွေ ပြန်ရအောင်လုပ်မှာပါ။ ဒီညမှာတော့ ယုံကြည်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တော့ ဘာပြဿနာမှမဖြစ်မိပါဘူး။” လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*