
ဖီနာဘာချီအသင်းဟာ အိုဇေးလ်ရဲ့ များပြားတဲ့ လစာငွေ ပေါင် ၁၃ သန်းအတွက် text message ကမ်ပိန်းကနေ ငွေကြေးတွေ ဝိုင်းဝန်းလှူဒါန်းဖို့အတွက် ပရိသတ်တွေကို အကူအညီတောင်းလိုက်ပါတယ်။
ဂျာမန်နိုင်ငံသား အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်လက်ကျန်ကိစ္စအတွက် ကလပ်နဲ့ သဘောတူညီချက်ရယူအပြီးမှာ အစ္စတန်ဘူလ်ကို အလွှတ်ပြောင်းရွှေ့ကြေးနဲ့ တူရကီကလပ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ တစ်နှစ်လုပ်ခ ပေါင် ၁၈ သန်းအထိရရှိထားပြီး ဖီနာဘာချီကို အပြောင်းအရွှေ့ပြီးဆုံးသွားရင်တော့ လက်ကျန်လစာငွေတွေကို အာဆင်နယ်က အကျစ်ကျနဲ့ ပေးချေသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖီနာဘာချီအသင်းရဲ့ ဥက္ကဌ အလီခေရော့က အပြောင်းအရွှေ့အပြီးသတ်ဖို့ သူ့အသင်းအနေနဲ့ ငွေရေးကြေးရေးပိုင်းမှာ အကူအညီလိုအပ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။
အလီခေရော့က “ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက် တောင်းဆိုစရာရှိပါတယ်။ ကျွန်တော်တို့ကို ဆက်ပြီးထောက်ခံပေးပါ။ ကျွန်တော်တို့ဟာ ပရိသတ်တွေရဲ့ ငွေကြေးအထောက်ပံ့ပေါ်မူတည်နေပါတယ်။”လို့ ပြောသွားပါတယ်။
“အသင်းအတွက် လက်မှတ်ထိုးတဲ့နေ့မှာ message ပို့တဲ့ ကမ်ပိန်းနဲ့ စံချိန်တင်နိုင်ဖို့အတွက် ကျွန်တော် တောင်းဆိုပါတယ်။ ၃၀၀,၀၀၀ ၊ ၅၀၀,၀၀၀ ဒါမှမဟုတ် ၁ သန်း လောက်ရှိတဲ့ text message တွေ ရောက်ရင် ရောက်လာနိုင်တယ်။ ဒီထောက်ပံ့မှုက ကျွန်တော်တို့အတွက် အရမ်းကိုကောင်းမွန်ပါတယ်။”လို့ ပြောသွားပါတယ်။
Mesutol လို့ ခေါ်တဲ့ကမ်ပိန်းထဲက text message ဟာ ၂ ပေါင် အောက်သာ ကျသင့်မှာဖြစ်ပြီး နံပတ် ၁၉၀၇ ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ၁၉၀၇ ဆိုတဲ့နံပတ်ဟာ ဖီနာဘာချီကလပ် စတင်တည်ထောင်ခဲ့တဲ့ ခုနှစ်လည်း ဖြစ်ပါတယ်။
သတင်းအရ အိုဇေးလ်ဟာ ဖီနာဘာချီမှာ ၂၀၂၄ မတိုင်ခင်အထိ တစ်ပတ်လုပ်ခ ပေါင် ၆၇,၀၀၀ ဖြစ်ပြီး တစ်နှစ် ပေါင် ၃.၅ သန်း ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီပမာဏဟာ သူ အာဆင်နယ်အသင်းမှာရခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ ထက်များစွာ ကွာဟနေပါတယ်။
Ref: dailymail
Leave a Reply