မန်စီးတီးလူငယ်ကစားသမား ဖီးလ်ဖိုဒမ်ကို ပေါလ်စခိုး၊ ပေါလ်ဂက်စ်ကွိုင့်တို့နဲ့ နှိုင်းယှဥ်ချီးကျူးလိုက်တဲ့ အလန်ရှီးယား

အလန်ရှီးယားဟာ မန်စီးတီးလူငယ်ကစားသမား ဖီးလ်ဖိုဒမ်ကို ကြီးကျယ်တဲ့ အင်္ဂလန်ကစားသမားတွေဖြစ်ကြတဲ့ ပေါလ်စခိုး၊ ပေါလ်ဂက်စ်ကွိုင့်တို့နဲ့ ချီးကျူးနှိုင်းယှဥ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေညက FA ဖလား ချယ်တင်ဟမ်နဲ့ပွဲစဥ်မှာ ဖိုဒမ်က မန်စီးတီးအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်အောင်လည်း အများကြီးကူညီပေးခဲ့ပါတယ်။

အလန်ရှီးယားဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဖီးလ်ဖိုဒမ်ဟာ မနေ့က ကစားတဲ့မန်စီးတီးကစားသမားတွေအားလုံးထက် ပိုကောင်းနေပြီး ကမ္ဘာ့ထိပ်တန်း ခြေစွမ်းပိုင်ဆိုင်ထားတာကို ပြသပြီးသားဖြစ်တယ်လို့ ပြောသွားပါတယ်။

“ကျွန်တော် အင်္ဂလန်အသင်းမှာ ကြီးကျယ်တဲ့ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ပေါလ်စခိုးစ်၊ ပေါလ်ဂက်စ်ကွိုင့်တို့နဲ့ အတူကစားခွင့်ရခဲ့တဲ့အတွက် ကံကောင်းခဲ့တယ်”လို့ အလန်ရှီးယားက ပြောပါတယ်။

“ဖိုဒမ်ရဲ့ တချို့ ပေးပို့မှုတွေ၊ ဘောလုံးလိမ်ခေါက်တာတွေက အတိတ်ဟောင်းက ကစားသမားတွေကို ပြန်ပြီး မြင်ရောင်မိပါတယ်။”

“သူဘောလုံး ထိန်းတဲ့ပုံစံ၊ ခန္ဓာကိုယ်အနေအထား၊ ရှေ့ကို တင်ပို့ပေးနိုင်တဲ့အရည်အချင်းတွေပေ့ါ။ သူ ဘောလုံးကို လက်ခံတဲ့အချိန်မှာ အရမ်းကို ယုံကြည်မှုရှိပါတယ်။ တိုက်စစ်မှူးတစ်ယောက်နေနဲ့ ခင်ဗျားပြေးလွှားနေတဲ့အချိန်မှာ ခင်ဗျားဆီကို ဘောလုံးပို့ပေးနိုင်မယ့် ဒီလိုအရည်အချင်းရှိတဲ့ ကစားမားတစ်ယောက်ကို လိုချင်မှာပါ။”

ဖိုဒမ်ဟာ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲဆက် ပါဝင်ထားပြီး အခုရာသီမှာ မန်စီးတီးအတွက် အသင်းမှာ ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ရပ်တည်နေပါတယ်။

မန်စီးတီးအသင်းဟာ ရှုံးနေတဲ့အနေအထားကနေ ပွဲချိန် မိနစ် ၈၀ နောက်ပိုင်းမှ ၃ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပြီး (၁-၃)ရလဒ်နဲ့ FA ဖလား နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

Ref : dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*