
အာဆင်နယ်အသင်းဟာ FA ဖလားစတုတ္ထမြောက် အကျော့မှာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အာတီတာက သင်ခန်းစာ အပေးခံခဲ့ရတယ်လို့ ပြောသွားပါတယ်။ FA ဖလား ချန်ပီယံအာဆင်နယ်ဟာ နောက်ခံလူ ဂါဘရီရယ်ရဲ့ own goal ရဲ့ တစ်လုံးတည်းနဲ့ ဆောက်သမ်တန်တို့ကို အရှုံးပေးလိုက်ရပါတယ်။
ဆောက်သမ်တန်ကို မရှုံးနိမ့်ခင် အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ယူထားတာဖြစ်ပေမယ့် အာတီတာဦးဆောင်တဲ့အသင်းဟာ FA ဖလားက ထွက်ခဲ့ရတဲ့အတွက် ဂုဏ်သိက္ခာပိုင်းအရ အဆင်မပြေဖြစ်ခဲ့ရပါတယ်။
“ပြိုင်ပွဲကနေထွက်ခဲ့ရတဲ့အတွက်ကြောင်တော့ ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ ဘောလုံးမရှုံးဆုံးသင့်တဲ့ နေရာကနေ ရှုံးဆုံးသွားပြီး အရှုံးပေးခဲ့ရတာကြောင့် စိတ်ပျက်မိပါတယ်။”လို့ အာတီက ပြောသွားပါတယ်။
“ကျွန်တော်တို့ ပထမပိုင်းမှာ ကစားပွဲကို ထိန်းချုပ်နိုင်ဖို့အတွက် ကိစ္စတချို့ရှိခဲ့ပြီး မလိုအပ်တဲ့အမှားတွေ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ ဂိုးပေါက်တည့်အောင် မကန်သွင်းနိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာ အခွင့်အရေးကြီးကြီးမားမား ရှိခဲ့ပေမယ့် အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။” လို့ ပြောသွားပါတယ်။
“ကျွန်တော်ဂိုးအသွင်းခံရတဲ့ပုံစံကတော့ ကျွန်တော်တို့ရဲ့ အမှားပါပဲ။ ကျွန်တော်တို့ ဒီပွဲမှာအနိုင်ရရင်ရ မရရင်ထွက်ရမှာဆို သိထားပါတယ်။ ကျွန်တော် ဒီထက်ပိုကောင်းအောင်လုပ်ခဲ့ရမှာပါ။ ဒါက သင်ခန်းစာ တစ်ခုပါပဲ။”
“အသင်းသားတွေအရမ်းကို ကြိုးစားခဲ့ကြပါတယ်။ အရမ်းကို ပြိုင်ဆိုင်မှုပြင်းခဲ့တဲ့ ကစားပွဲဖြစ်ခဲ့ပါတယ်။ ဆောက်သမ်တန်ကလည်း အရမ်းကို တက်တက်ကြွကြွကစားခဲ့ကြပါတယ်။”
“ကျွန်တော်တို့ စျေးကွက်ထဲမှာ ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်နေတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားတချို့ ရွှေ့ပြောင်းခဲ့ပါတယ်။ တချို့နေရာတွေမှာ ကစားသမားတွေနည်းပါးနေပါတယ်။” လို့ပြောသွားပါတယ်။
Ref: dailymail
Leave a Reply