
ဘာစီလိုနာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အလွှတ်ပြောင်းရွှေ့ခွင့်နဲ့ထွက်ခွာနိုင်တဲ့ အဂွဲရိုးနဲ့ အလာဘာကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကစားသမားနှစ်ယောက်စလုံးဟာ ဒီရာသီကုန်မှာ သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
အဂွဲရိုးဟာ မန်စီးတီးအသင်းနဲ့အတူ ၁၀ နှစ်ကြာ လက်တွဲခဲ့ပြီး အသင်းအတွက် အမြဲတမ်း ဂိုးသွင်းအများဆုံးသူအဖြစ် ၂၅၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒီရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ အသက် ၃၂ နှစ်အရွယ် အဂွဲရိုးက တစ်ရာသီလုံး ပရီးမီးယားလိဂ်ဂိုး မသွင်းယူနိုင်သေးပါဘူး။
Mundo Deportivo သတင်းအရ ဘာစီလိုနာဟာ အသင်းရဲ့ နံပါတ် ၉ အဖြစ် ထွက်ခွာသွားတဲ့ ဆွာရက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် အသင့်တော်ဆုံးက အဂွဲရိုးဖြစ်တယ်လို့ ယူဆထားပါတယ်။
ဘာစီလိုနာဟာ ကိုဗစ်လှိုင်းရိုက်ခတ်ဒဏ်ကြောင့် အသင်းဘဏ္ဍာရေးရုန်းကန်နေရတာပြီး အဂွဲရိုးဟာ ခေါ်ယူဖို့ အသင့်တော်ဆုံးလို့ ဆိုထားပါတယ်။ ၂၀၁၄ တုန်းက ဆွာရက်ဇ်ကို မခေါ်ယူခင်ကလည်း အဂွဲရိုးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဂွဲရိုးကိုခေါ်ယူနိုင်ရင် အသင်းမှာရှိနေတဲ့ မက်ဆီအတွက်လည်း အသင်းမပြောင်းရွှေ့ရေး သိမ်းသွင်းစည်းရုံးဖို့အတွက် နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
အာဂျင်တီးနားသား နှစ်ယောက်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီး နူးကမ့်ကို အဂွဲရိုရောက်လာခဲ့ရင် မက်ဆီကို အသင်းမှာဆက်ရှိနေစေဖို့ စည်းရုံးနိုင်မယ်လို့ ဘာစီလိုနာအသင်းက မျှော်လင့်နေပါတယ်။
ဘိုင်ယန်မြူးနစ်ကစားသမား အလာဘာကိုလည်း နောက်ထပ်ပစ်မှတ်ထားနေပြီး သူ့ရဲ့ ဘယ်နောက်ခံနဲ့ ခံစစ်နေရာကိုပါ ကစားနိုင်တဲ့ စွမ်းဆောင်ရည်ကို စိတ်ဝင်စားနေပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလာဘာဟာ အခုရာသီမှာတော့ ဘိုင်ယန်အတွက် ၁၆ ပွဲကစားပေးထားပြီး သူ့ကိုခေါ်ယူနိုင်ဖို့က လာပေါ်တာ ဘာစီလိုနာဥက္ကဌသစ်ဖြစ်လာမယ့်အပေါ် မူတည်နေပါတယ်။ လာပေါ်တာဟာ အလာဘာရဲ့ အေးဂျင့်နဲ့ ဆက်ဆံရေးကောင်းရှိပေမယ့်လည်း အလာဘာက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချိတ်ဆက်မှုတွေ လုပ်ထားပြီး ဖြစ်ပါတယ်။
Ref: dailymail
Leave a Reply