အိုဇေးလ်နဲ့ ဆိုကရက်တစ်တို့လို အဖြစ်မျိုးကနေ သင်ခန်းစာယူဖို့ အာဆင်နယ်ကို အာတီတာ ပြောကြား

အာတီတာက အသင်းကနေ နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့ အိုဇေးလ်နဲ့ ဆိုကရက်တစ်တို့လို အဖြစ်မျိုးကနေ သင်ခန်းစာယူကြဖို့ အာဆင်နယ်ကို ပြောဆိုသွားခဲ့ပါတယ်။

ဖီနာဘာချီကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ဘောလုံးမကစားခဲ့ရဘဲ တစ်နှစ်နီးပါး တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ ရယူခဲ့ပါတယ်။ ခံစစ်ကစားသမား ဆိုခရက်တစ်လည်း ငါးလလောက် မကစားခဲ့ရပါဘူး။

အာတီတာက “ဒီလိုအဖြစ်မျိုးကို နောက်ထပ် ထပ်မဖြစ်စေချင်ဘူးဆိုတာ သေချာတယ်။ ကစားသမားအတွက်ရော ကလပ်အတွက်ရောပေါ့။ ဒီလိုကိစ္စမျိုးက ကလပ်တွေတိုင်းမှာ ပိုပိုပြီး ဖြစ်လာပါပြီ။”

“ခင်ဗျားအနေနဲ့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင်းလင်းလင်းပြောဆို ဆွေးနွေးရမယ်။ တတ်နိုင်သလောက် တားဆီးရမယ်ဆိုတာ အသိသာကြီးပါ။ တကယ်လို့ ဖြစ်လာခဲ့ရင်လည်း ဆုံးဖြတ်ချက်သာချလိုက်ပါ။ အချိန်ဆွဲမနေပါနဲ့။ အဲ့ဒါက အကြာကြီးအလုပ်ဖြစ်မှာမဟုတ်ဘူး”လို့ ပြောသွားပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီက မလိုအပ်တဲ့ကစားသမားတွေကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားခဲ့ပြီး နေရာအလိုက် အသင်းမှာ ပိုပြီးတည်ငြိမ်ဖို့ အာတီတာက မျှော်လင့်ထားပါတယ်။

“ကျွန်တော်တို့ မတူညီတဲ့ အရည်အချင်းတွေနဲ့ အရမ်းကိုတောင့်တင်းတဲ့ လူစာရင်းကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီကနေ အကျိုးရှိတာတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာလည်း အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။”

“တခါတလေကျတော့ နောက်အနာဂတ် ၃ နှစ်မှာ ဘာထပ်ဖြစ်မယ်ဆိုတာ သိရဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အဲ့လိုအခြေအနေတွေကို လာမယ့်ရာသီကုန် နွေရာသီကာလမှာ ဖြေရှင်းဖို့ကြိုးစားမှာပါ။ ကျွန်တော်တို့ ရှေ့ကကြုံခဲ့တာမျိုးတွေ ရှောင်ရှားနိုင်အောင်ပေါ့။” လို့ ပြောသွားခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*