အဓိကနောက်ခံလူတွေ ဒဏ်ရာရနေပေမယ့် ကစားသမားသစ် မခေါ်ယူခြင်းအပေါ်မေးမြန်းမှုကို ကလော့ပ်ဒေါသတကြီး တုံ့ပြန်ခဲ့

လီဗာပူးလ်အသင်းနည်းပြကလော့ပ်ဟာ အဓိကနောက်ခံလူတွေ ဒဏ်ရာရနေပေမယ့် ဒီဇန်နဝါရီမှာ ကစားသမားသစ်မခေါ်ယူခြင်းအပေါ် သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဒေါသတ ကြီးတုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့ ဒဏ်ရာရရှိသလို ဂျိုးလ်မာတစ်ကလည်း မကြာခဏ ဒဏ်ရာရတတ်တဲ့ ကစားသမားပါ။

ဒါကြောင့် ကလော့ပ်ဟာ ဗဟိုခံစစ်အတွက် ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို ပွဲထုတ်နေရပြီး ခံစစ်ပြဿနာကိုဖြေရှင်းနေရပါတယ်။ ဒီအခြေအနေမှာ လီဗာပူးလ်အသင်းဟာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး ၄ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးခဲ့ကာ ထိပ်ဆုံးက မန်ယူအသင်းနဲ့လည်း ၆မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းပိုင်ရှင်တွေဟာ ဒီအခြေအနေကိုရင်ဆိုင်နေရပေမယ့် ရှိတဲ့ကစားသမားနဲ့သာ ဆက်ကစားဖို့ ကလော့ပ်ကို ပြောဆိုထားပုံရပါတယ်။ မန်ယူအသင်းနဲ့FAဖလားစတုတ္ထအဆင့်ပွဲမတိုင်မီ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုအပေါ် ကလော့ပ်က “ဒါက ကျွန်တော့်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ တခြားသူတွေကတော့ ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ခုပြုလုပ်ဖို့ လိုအပ်နေပြီလို့ ထင်ကြမှာပါ။ အပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူတာပဲဖြစ်ဖြစ်၊ မခေါ်ယူတာပဲဖြစ်ဖြစ် ကျွန်တော် ဆုံးဖြတ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။”

“ဒါပေမဲ့ ကျွန်တော်ကလည်း အဲဒီကိစ္စကို စဉ်းစားနေတာမဟုတ်ပါဘူး။ တကယ်တော့ တစ်စုံတစ်ယောက်ကပဲ ဒါကိုဆုံးဖြတ်ပေးနေတာပါ။ ဒါက အမြဲတမ်းပါပဲ။ လက်ရှိအခြေအနေကို တိုးတက်အောင် ကျွန်တော်တို့ နေ့စဉ်ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် ကျွန်တော် ငွေမသုံးနိုင်ပါဘူး။ အဲဒီဆုံးဖြတ်ချက် (ကစားသမားခေါ်ယူဖို့ကိစ္စ)ကို ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး” လို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေညမှာကစားမယ့် မန်ယူအသင်းနဲ့ပွဲစဉ်ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါး(အဝေး)၊ ဝက်စ်ဟမ်း(အဝေး)၊ဘရိုက်တန်(အိမ်)၊ မန်စီးတီး(အိမ်)၊ လက်စတာ(အဝေး)တို့နဲ့ ဆက်တိုက်ကစားရမှာ ဖြစ်ပါတယ်။

Ref: Manchestereveningnews

Be the first to comment

Leave a Reply

Your email address will not be published.


*