
PSG တိုက်စစ်မှူး ဘာပေဟာ အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုဖို့အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဝန်ခံပြောကြား သွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘာပေဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လ သာကျန်ရှိတော့တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေပါတယ်။
ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရထားတဲ့ ဘာပေဟာ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်နဲ့ အမြဲချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး သူနှစ်တဲ့သဘောကျတဲ့သူ တစ်နိုင်ငံတည်းသားလည်းဖြစ်တဲ့ ဇီဒန်းရဲ့ လက်အောက်မှာ ကစားချေများနေပါတယ်။ ဒါပေမယ့် ဘာပေက သူ့ရဲ့ရေရှည်ကစားမယ့် အနာဂတ်အတွက် အခုထိ မဆုံးဖြတ်ရသေးဘူးလို့ ပြောသွားပါတယ်။
“ကျွန်တော်အဲ့ဒီကိစ္စကို စဥ်းစားနေတယ်လို့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ထင်တယ် တကယ်လို့ စာချုပ်ချုပ်ဖြစ်ခဲ့ရင်လည်း ရေရှည်ပဲဖြစ်မှာလို့ PSG အသင်းကို ကတိပေးထားပါတယ်။”
ကျွန်တော်ဒီမှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ အရင်ကတည်းကလည်း အမြဲတမ်းပျော်ရွှင်ပါတယ်။ ပရိသတ်တွေနဲ့ ကလပ်က ကျွန်တော့်ကို အမြဲတမ်းအကူအညီပေးခဲ့ပါတယ်။ အဲ့ဒါတစ်ခုတည်းနဲ့တင် ကျွန်တော်အမြဲတမ်း ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ ကျွန်တော်ဘာလုပ်ချင်လဲ၊ ဘယ်မှာရှိချင်လဲဆိုတာ စဥ်းစားချင်ပါတယ်။ ဒီကိစ္စကို အလေးအနက်စဥ်းစားနေတာပါ။”
“မကြာခင် ကျွန်တော်ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်အဲ့ကြောင်းကို စဥ်းစားနေပါတယ်။ တကယ်လို့ ကျွန်တော့်မှာ အခုအဖြေရှိနေရင် ကျွန်တော်ပေးမှာပါ။” လို့ပြောသွားပါတယ်။
ဘာပေဟာ PSG အသင်းမှာ ၁၄၆ ပွဲကစားထားပြီး အသင်းအတွက် ၁၀၄ ဂိုးသွင်းယူထားနိုင်ပါတယ်။ မနှစ်က အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်အထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
Ref: dailymail
Leave a Reply