ရာအူးဂျေမီနက်ဇ်နေရာ အစားထိုးဖို့ လီဗာပူးတိုက်စစ်မှူး အိုရီဂီကို ဝုဗ်လ်တို့ ပစ်မှတ်ထားနေ

ဝုဗ်လ်အသင်း ရှေ့တန်းတိုက်စစ်ကစားသမား ရာအူး ဂျေမီနက်ဇ်ဟာ ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းနဲ့‌ ကစားခဲ့တဲ့ပွဲစဉ်မှာ ဦးခေါင်းခွံကွဲအက် ဒဏ်ရာရရှိခဲ့ပြီး တရာသီလုံး အနားယူရတော့မှာဖြစ်ဝာာကြောင့် ဝုဗ်လ်အသင်းတို့ တိုက်စစ်ကစားသမား လိုအပ်လာပါတယ်။ ယင်းပွဲစဉ်မှာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ပေမယ့် ‌ဂျေမီနက်ဇ် ဒဏ်ရာရရှိပြီးနောက်ပိုင်း ဝုဗ်လ်တို့ ၃ ပွဲမှာကစားရာမှာ ၂ ဂိုးပဲသွင်းထားနိုင်ပြီး တိုက်စစ်ပိုင်းအားနည်းလာပါတယ်။

ဒါကြောင့် လီဗာဗူးအသင်းမှာ အရံကစားသမားအဖြစ်နဲ့ပဲ ပွဲထွက်ခွင့်ရ‌ေနတဲ့ တိုက်စစ်မှူး အိုရီဂီကို ပစ်မှတ်ထားလာပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအပြောင်းအရွေ့ဈေးကွက်တုန်းကလည်း ဝုဗ်လ်အသင်းဟာ အိုရီဂီကို ဝယ်ယူဖို့ထက် အငှားကစားသမားအနေနဲ့ပဲ ခေါ်ချင်ခဲ့တာပါ။

အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံသား အိုရီဂီဟာ လီဗာဗူးအတွက် ဒီရာသီပရီးမီးယားလိဂ်ပွဲစဥ် ၂ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး ယင်း ၂ ပွဲတွင်လည်း ကစားချိန် ၇ မိနစ်သာရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံသားဟာ ဒီရာသီချန်ပီယံလိဂ်မှာ ၃ ပွဲကစားထားပြီး ကာရာဘောင်းပြိုင်ပွဲ လင်ကွင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ ၁ ဂိုးသာ သွင်းယူထား နိုင်ပါတယ်။ အိုရီဂီဟာ မနှစ်က လီဗာပူးအသင်းနဲ့ ၂၀၂၄ အထိ စာချုပ်သက်တမ်းတိုးထားတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*