
ဒီရာသီအစမှာ အာဆင်နယ်နည်းပြအာတီတာကလည်း အသင်းခြေစွမ်းတည်ငြိမ်ဖို့ ခက်ခက်ခဲခဲ ရုန်းထွက်ခဲ့ရပြီး ယခုတစ်ခါ သူ့လိုမျိုး ကြုံတွေ့နေရတဲ့ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကိုလည်း ပုံမှန်လည်ပတ်နိုင်ဖို့ အချိန်ပေးသင့်ကြောင်း ပြောသွားခဲ့ပါတယ်။
အင်္ဂါနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ပွဲစဥ်မှာ ချဲလ်ဆီးတို့ (၂-၀)ဂိုးနဲ့ ရှုံးနိမ့်သွားတဲ့နောက်မှာတော့ လမ်းပတ်အပေါ် ဖိအားကြီးကြီးမားမားကျရောက်လာပါတယ်။ ချဲလ်ဆီးဟာ အခုဆိုရင် နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲကစားထားရမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
“ကျွန်တော် လမ်းပတ်နဲ့ သိတာ နှစ်အနည်းငယ်ရှိပါပြီ။ ကျွန်တော်သူနဲ့ အချိန်တချို့ ဖြတ်သန်းဖူးပြီး ကလပ်က သူ့ကို ထောက်ခံပေးဖို့နဲ့ အခွင့်အရေးပေးစေချင်ပါတယ်။”လို့ ပြောသွားပါတယ်။ အာတီတာဟာ လမ်းပတ်လိုမျိုး ကစားသမားဘဝမှာ အသင်းအတွက် အသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးပြီး နည်းပြဖြစ်တာခြင်းလည်း တူညီကြပါတယ်။
“ကစားသမားအနေနဲ့သူဟာ အရမ်းကိုအတွေ့အကြုံရင့်တဲ့သူပါ။ သူကအဲ့မှာဆိုရင် စံပြတစ်ယောက်ပါပဲ။ “လို့ ထပ်ပြောသွားပါတယ်။
အာဆင်နယ်အသင်းရဲ့ အခြေအနေဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး အကျပ်အတည်းကို ကျော်လွှားဖို့အတွက် ဒီဇင်ဘာ ၂၆ ရက်နေ့က ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ ၆ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
“ကျွန်တော် ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာပဲ ပြောပြလို့ရပါမယ်။ အဲ့ဒါက အရမ်းကိုခက်ခဲနေတဲ့အချိန်မှာ အပြည့်အဝထောက်ပံ့မှုရခဲ့တယ်။ ကံကောင်းစွာနဲ့ သူတို့ ခင်ဗျာကြိုးစားလုပ်နေတာက အနာဂတ်မှာ ဆုလာဘ်တွေရယူနိုင်မယ်ဆိုရင် ခင်ဗျားကို အနည်းငယ် စိတ်ရှည်ပေးကြလိမ့်မယ်။ အများအားဖြင့်တော့ အောင်မြင်မှု ရယူပေးတဲ့အချိန်ပေါ့။”လို့ ပြောသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ FA ဖလား စတုတ္ထအကျော့ ပွဲစဥ်အဖြစ် လူတန်တောင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
Ref: dailymail
Leave a Reply