ဘန်လေကို ရှုံးခဲ့တာဟာ မိမိရဲ့ အမှားပါလို့ ဝန်ခံပြောကြားသွားတဲ့ ဂျာဂင်ကလော့ပ်

အန်းဖီးလ်ကွင်းမှာ ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့တဲ့အပေါ် ကလော့ပ်က အပြည့်အဝ တာဝန်ယူတယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ၄ နှစ်နီးပါး အိမ်ကွင်းရှုံးပွဲမရှိ အသင်းသမိုင်းဝင်စံချိန်ပါ ပျက်သွားခဲ့ရပါတယ်။ ကလော့ပ်က သူတို့အသင်းဟာ ဒီပွဲကို မရှုံးနိုင်တဲ့ပွဲဖြစ်တယ်လို့ ထင်ခဲ့မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစဉ်တလျှောက်လုံး ထိန်းခဲ့နိုင်ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းနဲ့ ဂိုးကန်သွင်းမှု ၂၄ အကြိမ်အထိရှိခဲ့ပေမယ့်လည်း ဘန်လေအသင်းက နောက်ကျ ပင်နယ်တီဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော်တို့ ဒီပွဲကို လုံးဝမရှုံးနိုင်ဘူးထင်ထားတာ ဒါပေမယ့် ရှုံးခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အမှားပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့အလုပ်က ကောင်လေးတွေ စိတ်ဓာတ်ပိုင်းကောင်းမွန်တယ်ဆိုတာ သေချာဖို့နဲ့ ယုံကြည်မှုအတိုင်းအတာတစ်ခုထိရှိဖို့နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချသွားနိုင်ဖို့ပါ။” လို့ ပြောသွားခဲ့ပါတယ်။

” ကျွန်တော်တို့ ဘောလုံးကိုင်ထားနိုင်တဲ့အချိန်က တော်တော်များပါတယ်။ အခြေအနေတချို့ကို ဖန်တီးနိုင်ခဲ့ပြီး အဲ့ဒါက အဆင်ပြေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆုံးသတ်ဆုံးဖြတ်ချက်တွေက အချိန်မှန်နေရာမှန်မဖြစ်ခဲ့ဘူး။ ”

“ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျွန်တော်ဒီလိုပဲ ပြောခဲ့ပါတယ်။ ပြဿနာက တချို့အရာတွေ အလုပ်မဖြစ်ဘူးပေ့ါ။ ကျွန်တော်တို့ ပိုကြိုးစားရမှာဖြစ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ရမှာပါ။ တခြား ဘာမှ ပြောစရာမရှိပါဘူး။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ ရှုံးသွားရတဲ့အကြောင်းအရင်းပါပဲ။” လို့ ကလော့ပ်က ပြောသွားပါတယ်။

လီဗာပူးလ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို (၇-၀) နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ငါးပွဲဆက်နိုင်ပွဲ ပျောက်ခဲ့ပြီး ၄ ပွဲ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။ လီဗာပူးလ်ဟာ ၁၉ ပွဲကစားပြီး ဇယားမှာ ၃၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

Ref : dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*