လင်ဂတ်ကိုခေါ်ယူလိုတဲ့အသင်းတွေထဲ မန်ယူ နည်းပြဟောင်း မော်ရင်ညိုရဲ့ စပါးအသင်း ပါဝင်လာ

မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ဂျက်စီလင်ဂတ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ နည်းပြဟောင်း မော်ရင်ညိုရဲ့စပါးအသင်း ပါဝင်လာတယ်လို့ သိရပါတယ်။

လင်ဂတ်ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ၃ပွဲသာ ကစားထားရသေးပြီး သူ့ကိုအငှါးခေါ်ယူဖို့အတွက် ဝက်စ်ဟမ်း၊ ရှက်ဖီးယူနိုက်တက်တို့နဲ့အပြိုင် စပါးအသင်းက စိတ်ဝင်စားလာတာပါ။

စပါးအသင်းနည်းပြ မော်ရင်ညိုဟာ မန်ယူအသင်းကို သူကိုင်တွယ်ခဲ့တဲ့ကာလမှာ ခြေစွမ်းပြခဲ့သူ လင်ဂတ်ကို လန်ဒန်ကလပ်မှာ လာရောက်ကစားဖို့အတွက် အလိုရှိနေတာဖြစ်ပါတယ်။ မော်ရင်ညိုလက်ထက်မှာ လင်ဂတ်ဟာ မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး သူ့ကစားသမားဘဝမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တဲ့ တစ်ရာသီအတွင်း ၁၃ဂိုး သွင်းယူနိုင်တဲ့မှတ်တမ်းလည်းရရှိခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားဟာ လာမယ့်ဖေဖော်ဝါရီလမှာ ယူရိုပါလိဂ်ပွဲစဉ်တွေကစားရတော့မှာဖြစ်လို့ ကစားသမားအလုံအလောက်ရှိနေဖို့လို အပ်တာကြောင့် လင်ဂတ်ကိုလက်မလွတ်ချင်ပါဘူး။

လင်ဂတ်ဟာ မန်ယူအသင်းနဲ့ ၁၈လစာချုပ်သက်တမ်းကျန်ရှိနေသေးပြီး မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကလည်း သူကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းအသင်းဆီ ခေါ်ဆောင်ချင်နေပါတယ်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ လင်ဂတ်ကို FA ဖလားနဲ့ Carabao Cup ပြိုင်ပွဲတွေမှာသာ အသုံးပြုနေတာကြောင့် လာမယ့် လီဗာပူးလ်နဲ့ FA ဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*