
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ကစားဖော် ကာဗာနီရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူးသွားပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့နဲ့ ကွာြခားတဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကို တိုက်စစ်မှူး ကာဗာနီက ရှိတယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ဖူလ်ဟမ်နဲ့ပွဲစဥ်မှာ ပေါ့ဂ်ဘာရဲ့ အနိုင်ဂိုးမသွင်းယူခင် အသင်းအတွက် အရေးကြီးတဲ့ ချေပဂိုးကို ကာဗာနီက သွင်းယူပေးခဲ့တာဖြစ်ပြီး မန်ယူအသင်းလည်း အဲ့ဒီနိုင်ပွဲကြောင့် ဇယားထိပ်မှာ ရပ်တည်နေပါတယ်။
“ကာဗာနီဟာ ထိပ်တန်းကစားသမားဆိုတာ လူတိုင်းသိပါတယ်။ ကမ္ဘာပေါ်မှာ သူ့လိုကစားသမား အနည်းအကျဥ်းပဲ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းမှာ တစ်ယောက်ပိုင်ဆိုင်ထားတဲ့ အခွင့်အရေးရခဲ့ပါတယ်။” လို့ MUTV ကို ပြောသွားပါတယ်။
“အခက်ခဲဆုံးဂိုးတွေက အဲ့လိုဂိုးတွေဆိုတာ ကျွန်တော်တို့သိထားကြပါတယ်။ ကျွန်တော်တို့မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေရှိကြတယ်။ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တွေပေါ့။ သူတို့ကတော့ ဧရိယာအပြင်ကဘက်ကနေ သွင်းယူနိုင်ကြပါတယ်။ ဒါပေမယ့် သူတို့က ကာဗာနီလိုမျိုး အတွေ့အကြုံမရှိကြသလို အရည်အသွေးလည်း မတူကြပါဘူး။” လို့ပြောသွားပါတယ်။
“အဲ့တော့ ကျွန်တော်တို့ဆီမှာရှိတဲ့ ကစားသမားတွေနဲ့ပဲ ရှေ့တန်းကစားခဲ့ရပြီး ကာဗာနီကတော့ ဒီညလိုမျိုးမှာ သူ့ရဲ့အဆင့်အတန်းကို ထင်ထင်ရှားရှား ပြနိုင်ခဲ့ပါတယ်။”
ကာဗာနီက အသင်းမှာမပါနိုင်တဲ့အချိန် ဒါမှမဟုတ် ညာတောင်ပံကို ဂရင်းဝုဒ် ပွဲချိန်ပြည့်ကစားရတဲ့ ပွဲစဥ်မျိုးတွေမှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်က အလယ်တိုက်စစ်ကို ဝင်ကစားရပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ် ၇ ဂိုးထဲက ၆ ဂိုးကတော့ တောင်ပံထွက်ကစားတဲ့အချိန်မှာ ရခဲ့တာဖြစ်ပြီး မာရှယ်ကတော့ အလယ်တိုက်စစ်နေရာကနေ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
Ref: dailymail
Leave a Reply