ဖူလ်ဟမ်နဲ့နိုင်ပွဲအပြီး ကွင်းလယ်ကစားသမားပေါ့ဂ်ဘာရဲ့ ခြေစွမ်းကို ချီးကျူးမှုပြုလုပ်သွားခဲ့တဲ့ ဖာဒီနန်

ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲစဥ်မှာ ပေါ့ဂ်ဘာရဲ့  အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်နဲ့ နိုင်ပွဲယူနိုင်ခဲ့ပြီး မန်ယူအသင်း ဇယားထိပ် ပြန်လည်တက်လှမ်းနိုင်ခဲ့တဲ့အပေါ် မန်ယူကစားသမားဟောင်း ဖာဒီနန်က ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံသား ပေါ့ဂ်ဘာဟာ နည်းပြဆိုးလ်ရှားရဲ့လက်အောက် အသင်းမှာအကောင်းဆုံးခြေစွမ်းပြနေပြီး ဖူလ်ဟမ်နဲ့သရေကျနေခဲ့ရာ ပွဲချိန် ၆၅ မိနစ်မှာ နိုင်ပွဲအဆုံးအဖြတ်ဂိုးကို ဘယ်ခြေအဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။

ဖာဒီနန်က “ပေါ့ဂ်ဘာဒီနေ့ကစားပုံ တော်တော်ကိုကောင်းပါတယ်။ သူ ခံစစ်ပိုင်းရော ဂိုဖန်တီးတဲ့အပိုင်းမှာပါလိုက် ကစားနိုင်ခဲ့တယ်။ သူရဲ့ ကြီးမားတဲ့ခြားနားချက်က မြန်မြန်လှုပ်ရှားနိုင်တာပဲ။ ဘောလုံးရထားရင် တုံဆိုင်းမနေဘူး။ သူကောင်းကောင်းကစားနိုင်တဲ့ရလဒ်က အံအားသင့်စရာကောင်းပါတယ်။”

“သူက ကစားပွဲတွေကို ကြိုက်နှစ်သက်တယ်။ သူ့ရဲ့ ဘောလုံးစွမ်းရည်တွေပြသချင်တယ်။ ကျွန်တော် ပေါ့ဂ်ဘာရင့်တိုးတက်လာတာကို တွေ့ရတယ်။ ဘရူနိုနဲ့ ယှဥ်တွဲပြီး ကွင်းလယ်မှာ ကောင်းကောင်းကစားနိုင်တဲ့ စွမ်းရည်မျိုးရှိနေပါပြီ။ သူ့နားမှာ ကစားသမားတွေရှိနေရင် သူအကောင်းဆုံးလုပ်နိုင်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပေါ့ဂ်ဘာဟာ ဘန်လေနဲ့ပွဲမှာလည်း အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မန်ယူအသင်းမှာ သူ့ရဲ့ သြဇာအရှိန်အဝါကလည်း တဖြည်းဖြည်းကြီးလာပါတယ်။

ဆက်လက်ပြီး “ပေါ့ဂ်ဟာ မန်ယူကိုစရောက်ကာစကလို ခြေစွမ်းမျိုးမဟုတ်တော့ပါဘူး။ အခုဆိုရင် သူဟာ အသင်းမှာ အရမ်းကိုအရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပါပြီ။”လို့ ပြောသွားခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*