မန်စီးတီးကစားသမားရဲ့ လူကျွံဘောအနေအထားကို ဂိုးပေးခဲ့တာကြောင့် ဒိုင်တွေရဲ့ဆုံးဖြတ်ကို ဝေဖန်

ဗုဒ္ဓဟူးညက ကစားသွားခဲ့တဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာပွဲစဥ်မှာ မန်စီးတီးအသင်းရဲ့ လူကျွံအနေအထား အငြင်းပွားဖွယ်ဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့လိုက်တာကြောင့် ဗီလာအသင်းက စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ လူကျွံအနေအထားမှာရှိနေတဲ့ ကစားဖော် ရိုဒရီရဲ့ ပေးပို့မှုကနေ ဘာနာတိုဆေးလ်ဗားက အပိုင်ကန်သွင်းနိုင်ခဲ့တာြဖစ်ပါတယ်။ အဲ့ဒီဖြစ်စဥ်မှာ ရိုဒရီက ပြိုင်ဘက်အသင်းရဲ့ခံစစ်လိုင်းရဲ့ တစ်ဖက်မှာရှိနေပြီး ဗီလာခံစစ်ကစားသမားရဲ့နောက်နေ ဘောလုံးဝင်လုခဲ့တာဖြစ်ပါတယ်။

ဗီလာနည်းပြ ဒင်းစမစ်က ဒိုင်ရဲ့ဆုံးဖြတ်ကို မကျပ်မနပ် အော်ပြောခဲ့တာကြောင့် အနီကတ်ပြခံရပြီး နည်းပြဧရိယာကနေ ထွက်ခွာခဲ့ရပါတယ်။

အဲ့ဒီဖြစ်ရပ်လိုမျိုး မန်စီးတီးမှာဖြစ်ခဲ့ရင်ရော စိတ်ပျက်မိမှာလားလို့ ဂွါဒီယိုကို မေးမြန်းတဲ့အပေါ် “ဒါပေါ့။ အဲ့အချိန်မှာ VAR ရှိမနေဘူး။ ကျွန်တော် စည်းမျဥ်းတွေ ဒါမှမဟုတ် အခြေအနေကို မသိပါဘူး။ ဒါတွေက သူတို့စိစစ်တာဖြစ်တယ်။”လို့ ပြောသွားပါတယ်။

ဗီလာနည်းပြ ဒင်းစမစ်က “ ဒီဆုံးဖြတ်ချက်က ရယ်စရာကောင်းပါတယ်။ အဲ့လိုအခြေအနေကနေ ဂိုးရသွားတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အဲ့ဒါက ပြန်ကြည့်ဖို့လိုအပ်ပါတယ်။ ဒီစင်မှာရှိနေတဲ့ ဘယ်သူမဆို ဂိုးအဖြစ်ပေးလိမ့်မယ်လို့ ထင်ထားကြမှာမဟုတ်ဘူး။” ပွဲအပြီးသူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“သူတို့တွေ VAR ကြည့်တဲ့နေရာဆီကို သွားကြမယ်ထင်တာ။ ကျွန်တော် အဲ့ဒီဖြစ်ရပ်ကို မြင်တယ်။ သူတို့ဆက်ကစားနေကြလို့ စတုတ္ထဒိုင်လူကြီးကို သူတို့ခရစ္စမတ်အတွက် ဘောလုံးဖျော်ဖြေပွဲ ကစားနေကြတာလားလို့ ကျွန်တော်မေးလိုက်တယ်။”

“ကျွန်တော် စည်းမျဥ်းတွေနဲ့ပတ်သက်ပြီး နားမလည်သေးပါဘူး။ အဲ့ဒီဂိုးကို ပေးလို့ရတယ်လို့ ဘယ်သူမှ ကျွန်တော့်ကို ရှင်းမပြနိုင်ဘူးထင်တယ်။ ရိုဒရီက လူကျွံတာကနေ အခွင့်အရေးယူခဲ့တယ်။ လူကျွံတဲ့ ၁၀ ကိုက်အကွာလောက်မှာ ရပ်နေလို့ရပြီလား။”လို့ ပြောသွားခဲ့ပါတယ်။

မန်စီးတီးတို့ ပွဲချိန်ပြည့် မိနစ် ၉၀ မှာ ဂျီးဆပ်စ်ရဲ့ခေါင်းတိုက်အလုံးက ဗီလာနောက်ခံလူရဲ့ လက်နဲ့ထိသွားခဲ့တာကြောင့် မန်စီးတီးတို့ ပင်နယ်တီရသွားခဲ့ပြီး (၂-၀)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*