သရေ ၁ မှတ်ထက် နိုင်ပွဲရဲ့ အပို ၂ မှတ်က အရမ်းကို အရေးပါပါတယ်လို့ ဆိုးလ်ရှား ပြောကြား

မန်ယူတိုက်စစ်မှူး ပေါ့ဂ်ဘာဟာ မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲစဥ်မှာ အသင်းအတွက် လှပတဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး မန်ယူအသင်းကို ဇယားထိပ်ကို ရောက်သွားအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ရမှတ်အပို ၂ မှတ်ဟာ ရာသီကုန်မှာ အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ ဆိုးလ်ရှားက ပြောသွားပါတယ်။

ဖူလ်ဟမ်အသင်းဟာ သူတို့အိမ်ကွင်းမှာပွဲအစပိုင်း ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ကာဗာနီက ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သရေကျနေပေမယ့်ပြီး ၆၅ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ အဝေးကန်ချက်ဂိုးက မန်ယူအတွက် နိုင်ပွဲအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

နိုင်ပွဲရသွားခဲ့ပေမယ့်လည်း ဆိုးလ်ရှားက သူတို့အသင်းသားတွေ ပွဲမကန်ခင် လေ့ကျင့်ရေးလုပ်ဖို့အတွက် ကွင်းရှာဖို့အဆင်မပြေခဲ့တာကြောင့် တစ်နေ့လုံး ဟိုတယ်ပေါ်မှာ ကုန်ဆုံးခဲ့ရတယ်လို့ ပြောသွားခဲ့ပါတယ်။ ကိုဗစ်စည်းကမ်းတွေ တင်းကျပ်ထားတာကြောင့် ပွဲမကစားခင် ပြင်ဆင်ဖို့အတွက် အခက်အခဲဖြစ်ခဲ့ပါတယ်။

ပေါ့ဂ်ဘာက ပွဲအပြီးမှာ “ကျွန်တော် အနိုင်ရတာတွေကို ကြိုက်တယ်။ ဒါတွေအားလုံးက အနိုင်ယူခြင်းပါပဲ။ ကွင်းထဲမှာ ကျွန်တော်တို့နိုင်ရင် ပျော်တယ်။ ရှုံးတဲ့အခါဆို ဒေါသထွက်တယ်။”လို့ ပြောသွားပါတယ်။ ပေါ့ဂ်ဘာရဲ့ အေးဂျင့်ဖြစ်တဲ့ ရွိုင်လ်အိုလာဟာ ပြီးခဲ့လက ကွင်းလယ်ကစားသမားပေါ့ဂ်ဘာက အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဆိုးလ်ရှားက “ဒါက အရမ်းကောင်းတဲ့ ဂိုးပါပဲ။ ပွဲကျပ်ကာလမှာ ကစားတဲ့ပွဲစဥ်တွေ သရေကျမယ့်အစား နိုင်ပွဲရယူနိုင်ခဲ့တဲ့ အပို ၂ မှတ်က အရမ်းကို အရေးပါပါတယ်။ ရာသီကုန်ရင် ဘယ်ရောက်မလဲဆိုတာ စောင့်ကြည့်ကြရမှာပေါ့။” လို့ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*